Alarm အသံကြောင့်မပွင့်တပွင့်မျက်စိဖြင့်ကုန်းထကာထုံးစံအတိုင်းကျောင်းသွားဖို့ရန်ပြင်ဆင်ရပါတော့သည်။
မနက်တိုင်းအိမ်ကိစ္စလည်းကိုယ်ပဲချက်ပြုတ်တာမှာအများကြီးမသိပေမဲ့တက်သလောက်မှတ်သလောက်ကိုယ်ပဲလုပ်ရတာပါ။
အမေ့ကျန်းမာရေးက လေဖျန်းပြီးကတည်းကအောက်ပိုင်းကောင်းကောင်းမလျှောက်နိုင်တာမို့သူပဲအိမ်ရှင်မဖြစ်ရပါတယ်
တချို့နေရာတွေမှာအမေ့ညွှန်ကြားချက်နဲ့လုပ်သော်လည်း..တလွဲအမှားတွေကရှိသေး။
ခုကတော့အချိန်နည်းနည်းကြာတော့သူအသားကျလာပါပြီ။
အမေ့ကျန်းမာရေးကစဖြစ်ခါစထက်စာရင်အခုတော်တော်လေးတိုးတက်လာပြီမို့သူစိတ်အေးရသလိုအလုပ်ဝေယျာဝေစ္စတွေကိုလဲသူနိုင်နင်းနေပါပြီ။တခါတလေအမေကစိတ်မကောင်းစွာပြောလေရဲ့.......
"ငါ့သားလေးအမေ့ကြောင့်ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ပင်ပန်းနေရတာ"
အဲ့လိုခဏခဏပြောတက်ပါတယ်။
သူအတွက်တော့ပင်ပန်းတယ်လို့သူမယူဆပါဘူး။
ခုဆိုပိုတောင်အသားကျပြီးလုပ်ရည်ကိုင်ရည်တောင်တိုးတက်လာသေး။မျက်နှာသစ်သွားတိုက်လုပ်ဖို့ရေချိုးခန်းထဲကိုဝင်လာလိုက်ပါတယ်။ဘေစင်၌မက်တပ်ရပ်ရင်းဘဲဥပုံမှန်ဝိုင်းထဲသူပုံသူခဏရပ်ကြည့်ရာ.............................
မှန်ထဲတွင်ပေါ်လာသူကသူ့မျက်နှာမဟုတ်........မနေ့ကအသားဖြူဖြူနဲ့ယောကျာ်းရဲ့မျက်နှာ....
သူမျက်စိပြူးသွားပြီးမှန် ရှေ့တချက်တိုး၍သူ့မျက်နှာသူလက်ဖြင့်သပ်ချလိုက်ရင်းကိုယ့်ပါးကိုယ်တချက်လောက်ချလိုက်ပါတော့သည်။"ဘာတွေမြင်နေတာလဲ....ဟမ်း.....ရှီး.."
(ကိုယ့်ကိုယ်ကိုပြော)အဲ့အချိန်ထိသူ့ကိုသူမသိသေးပါ...သူစိတ်ကဘယ်ရောက်နေလဲဆိုတာ....
မြန်မြန်ဘဲသန့်စင်ပြီးထွက်လာလိုက်ပါတယ်......
အိမ်ကိစ္စရောအမေ့အတွက်ရောအကုန်လုပ်ပေးပြီးချိန်မှာ....ကျောင်းသွားဖို့လွယ်အိတ်ကောက်လွယ်......မလွယ်ခင်လွယ်အိတ်ထဲမှကျောင်းသားကဒ်ကိုထုတ်ရာ.......
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...