"ဟပ်ချိုး....ဟပ်ချိုး"(နှာချေသံ)
နှာခေါင်းကိုတချက်ရှုံ့တင်လိုက်ပြီးမှိုင်းပြပြHoodie အနက်ရောင်အကြီးစားကြီးကိုတကိုယ်လုံးလုံအောင်ဝတ်ထားသောJungkook ။
ညကမိုးမိသည့်အရှိန်ကြောင့်အဆက်မပြက်နှာချေနေခဲ့ပါသည်။အပူခပ်ငွေ့ငွေ့ရှိတာမို့ Jay တယောက်တော့ဖုန်းဆက်ပြီးသတင်းလှမ်းမေးသား။
နေမကောင်းသလိုဖြစ်နေပေမဲ့အနည်းငယ်စိတ်ပေါ့ပါးတယ်လို့ခံစားနေရတာဟာ ညကသူကောင်းကောင်းဝန်ခံခဲ့ပြီးပြီမို့။
တဖက်ကသေချာရေရာတဲ့အဖြေပြန်ပေးခြင်းမရှိသေးပေမဲ့သူဘက်ကခံစားချက်တွေကိုဝန်ခံခဲ့ပြီးပြီ။
အေးစက်လွန်းတဲ့မိုးစက်တွေကြားကနွေးထွေးလွန်းလှတဲ့ပွေ့ဖက်ခြင်းကိုသူမခံစားရတာနှစ်ချီနေပြီ။မွေးကနဲကလည်းတခါမှနှစ်သိမ့်ပြီးပွေ့ဖက်ပေးမည့်သူဆိုတာမရှိခဲ့။
တိကျတဲ့အဖြေကိုမရသေးပေမဲ့နွေးထွေးတဲ့အပြုအမူလေးကြောင့်သူကျေနပ်ပြုံးလေးတချက်ပြုံးမိသား။
ကျေနပ်ပြုံးရုံသာသာလေးနဲ့တော့သူမကျေနပ်နိုင်ပါ။အဖြေပြန်ပေးတာမပေးတာတွေသူသိပ်ဂရုစိုက်နေမှာတော့မဟုတ်။ချစ်ပြီဆိုလျှင် Jungkook တို့အတားအဆီးမရှိဘူး။စည်းတွေဘောင်တွေလဲနားလည်မှာမဟုတ်။ချစ်လို့သာအောင့်အီးနေတာမျိုးပဲရှိတာ။
နှစ်တွေအကြာကြီးသူသဘောကျခဲ့ပြီးပြီ။သေချာပေါက်နောင်တမရအောင်တော့သူကြိုးစားသင့်ပါသည်။နောက်မဆုတ်ဘူးဆိုတဲ့စိတ်တွေကအမြဲတွန်းအားတွေ။သူ့အချစ်တွေက Park jimin ဆိုတဲ့လူသားလေးသိလာအောင်သေချာပေါက်ပြရပါလိမ့်မည်။
~ကျွီ~
တံခါးကိုအနည်းငယ်တွန်းဖွင့်သံကြားတော့ထိုင်နေရာကနေနောက်လှည့်ကြည့်မိတော့ သူ့ရဲ့ မြတ်နိုးရာလေး။
"ဟို~~အိမ်တော်ထိန်းကြီးက...'ညီ'...ဟို...Jungkook အခန်းထဲမှာရှိတယ်ဆိုလို့တက်လာတာ...အခန်းတံခါးလော့မချထားတာနဲ့တွန်းလိုက်တာ...ဝင်လာလို့ရမလား"
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...