အမှန်အတိုင်းဝန်ခံရပါလျှင်ထိုကောင်လေးကိုသူစိတ်ဝင်စားမိတာအမှန်။ ပြာပြာပြာပြာနှင့်အလွဲလွဲအချော်ချော်ဖြစ်နေခဲ့တာလေးကိုသူတိတ်တခိုးသဘောကျနေခဲ့မိတာပါ။သို့ပေမဲ့သူလေးကကျောင်းသားအရွယ်ပဲရှိ သေးတာမို့သူကြောင့်ပညာရေးကိုအာရုံမစိုက်နိုင်တော့မှာစိုးရိမ်တယ်။ အာ့ကြောင့်လဲသူ့ဘက်ကသိသာတဲ့ပုံမျိုးသူမလုပ်ခဲ့တာပါ။ ဒါပေမဲ့အရာရာကိုတော့သူလိုက်ပြီးဂရုစိုက်ပေးနေတယ်ဆိုတာ....သူလေးမသိရှာပါလေ။
ထိုကောင်လေးသူ့ ရှေ့ရောက်ရင်ရောက်ရက်ခက်နေတာကိုသူသိပါတယ်။မသိရအောင်သူကဆယ်ကျော်သက်လေးမှမဟုတ်ပဲ။အသက်၂၀ ကျော်နေပြီ။ဘာအထာတွေလဲဆိုတာသူသိတယ်။အဲ့ကောင်လေးသူ့ကိုကြိတ်ပြီးသဘောကျနေတယ်ဆိုတာသူကောင်းကောင်းသိတယ်။ပါးစပ်နဲ့ထုတ်မပြောရင်တောင်အမူအရာတွေကဖော်ပြနေခဲ့တာကိုး။
တညနေတော့ ဟိုတခေါက်ကpark jimin နဲ့အတူတူလာတဲ့သူငယ်ချင်းလို့ထင်ရတဲ့တယောက်ဆိုင်ကိုမုန့်လာဝယ်ပါတယ်။ ဒီရက်ပိုင်းလဲကောင်လေးကိုမတွေ့တာကြာပေါ့။ဟိုတ ခေါက်သူထီးပေးလိုက်ထဲကပေါ်မလာတာ။ ဒီကောင်လေးသူများပစ္စည်းပြန်ပေးရကောင်းမှန်းမသိဘူးလားဆိုပြီးစိတ်ထဲတောင်တွေးမိပါသေးတယ်။
အမှန်တော့ထီးပြန်လိုချင်လို့မဟုတ်..သူ့ဆိုင်မှာထီးတွေရိုက်ချိုးလို့တောင်မကုန်...အများကြီး။သူ့ဆိုင်ကိုတနည်းမဟုတ်တနည်းနဲ့ရောက်လာတက်တဲ့ဆိုင်သူလေးကိုသူမျှော်မိတာပါ။ခုလဲသူမနေနိုင်တော့ဘဲ....
"ကျောင်းသား.....တယောက်ထဲလား...ဟိုနေ့ကတယောက်မပါဘူးလား"
အဲ့လိုပြောတော့hoseok တယောက်နောက်ကိုလှည့်ကြည့်ရင်း....
"မင်းကိုပြောနေတာ"
"ကျွန်တော့်ကိုသိလို့လား"
"သိတာပေါ့...park jimin ရဲ့သူငယ်ချင်းမဟုတ်လား"
"ဟုတ်ပါတယ်...ကျွန်တော့်သူငယ်ချင်းကိုသိနေတာလား"
"အင်း...ဟုတ်တယ်"
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...