မှိုင်းပြပြစာအုပ်အဟောင်းဆိုင်လေး။
သူဒီစာအုပ်ဆိုင်ကိုရောက်တာ၂ခေါက်မြောက်။
ပြီးခဲ့သည့်တခေါက်ကသူသိပ်ဖတ်ချင်သောစာအုပ်လေးကိုအခြားသူငှားသွားသည်ဆိုပါ၍ဒီအပက်ထိစိတ်ရှည်စွာစောင့်ခဲ့ရတာ။
ထူးခြားစွာပင်စုံထောက်စာအုပ်တွေမှာ တော့ငယ်ငယ်ထဲကစိတ်ဝင်စားမှုအတော်ပင်ရှိခဲ့သည်။
"အကို...ကျွန်တော်ပီးခဲ့တဲ့အပက်ကမေးထားတဲ့စာအုပ်လေး....ရပီလားခင်ဗျ"
"အာ.....မရောက်သေးဘူးခင်ဗျ"
စာအုပ်အငှားကောင်တာမှအကိုကစာအုပ်အငှားစရင်းမှတ်တမ်းလေးလှန်ကြည့်ရင်းဆိုသည်။
"အော်......ဟုတ်လား...အာ့ဆိုလဲအခြားဟာ...."
စိတ်ပျက်လက်ပျက်ဖြင့်ပြောနေတုန်းရှိသေး။
"ဟော...ဟိုမှာလာပြီ...ရပြီ...ညီလေးရေ...."
စာအုပ်ဆိုင်ထဲဝင်လာသောလူတယောက်အားကြည့်၍အဲ့ဆိုင်ကအကိုကပြောရာ...သူအဲ့လူကိုလှမ်းကြည့်မိတော့long coat အနက်နှင့်အသားဖြူဖြူ မျက်လုံးအိမ်ကျဥ်းကျဥ်းနဲ့အမျိုးသားတယောက်။အသက်အရွယ်အရသူ့ထက်ကြီးမယ့်ပုံ။
"Yoongi shii....အချိန်ကိုက်ပါပဲ...ဒီမှာဒီစာအုပ်ကိုလိုချင်တဲ့ညီလေးတယောက်စောင့်နေတာ...အတော်ပဲ"
စောင့်နေတယ်ဆိုတဲ့ကောင်လေးကိုသူအကဲခက်ပြန်တော့ နှာတံကမှဲ့ရေးရေးလေးရယ်,မျက်လုံးတွေရှေ့ကျနေတဲ့ဆံသားညိုညိုလေးရယ်နဲ့လေးထောင့်ဆန်တဲ့နှုတ်ခမ်းလေးတွေနဲ့ကောင်လေးပါ။
သူတချက်ပြုံးရင်း တဖက်ကလဲအသိအမှတ်ပြုသလိုခေါင်းလေးညိတ်ပြရင်း.....။
"အာ့ဆို....ဒီကညီလေးလဲအဆင်ပြေသွားပီ....အော်...ဒါနဲ့မိတ်ဆက်ပေးရဦးမယ်...ဒါကMin Yoongi တဲ့အကိုတို့စာအုပ်ဆိုင်ကစာအုပ်တွေမှန်သမျှမလွတ်တမ်းဖတ်တဲ့ဝါသနာရှင်ကြီး....မင်းလိုပေါ့ကွာ..."
"ဒါက Kim Taehyung တဲ့...ကျွန်တော်တို့ဆိုင်မှာ yoongi shii လိုပဲမကြာသေးခင်ကစာအုပ်တွေဖတ်နေကျပါ.."
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...