Part-14

237 12 0
                                    

သူစားပွဲခုံ​တွေသုတ်ရင်းအလုပ်မြန်မြန်ဆင်းဖို့နာရီတကြည့်ကြည့်နှင့်။
.......နောက်ဆုံး​တော့သူ​စောင့်​နေချိန်​လေး​ရောက်လာခဲ့ပြီ........

"Hyung ဒီ​နေ့ဘာ​နေ့လဲသိလား"

လူရှင်းသွားပြီမို့​ကောင်​တာနားလာကာ​မေး လေး​ထောက်ရင်း​မေးလာသူ...။

ဘာမှပြန်မ​ဖြေပဲအနည်းငယ်သာယဲ့ယဲ့​လေးပြုံးပြရင်း​ကောင်တာက​နေထွက်လာသူ...။

"ဒီ​နေ့​လေ...သိလား..ကျွန်​တော်တို့......"

"ခဏ​လောက်စကား​ပြောရ​အောင်...Ji.."

ထိုသို့​ပြောရင်းစားပွဲဝိုင်းတခုမှာထိုင်ရန်ပြင်လိုက်သူ။

စကား​တောင်မဆုံး​​သေးကြားဖြတ်ဝင်လာတဲ့hyung ရဲ့စကား​ကြောင့်သူ့စကားပြတ်သွားခဲ့ပါတယ်။

ဘာများ​ပြောမှာလဲ..ဒီလူကြီးဘာ​တွေများအထူးတလည်​တွေလုပ်ထားလို့ပါလိမ့်ဆိုတဲ့အ​တွေး​တွေနဲ့​မျှော်လင့်ချက်​တွေနဲ့ပြုံး​ပျော်ကာကြည့်​နေတဲ့သူ့ကိုပြန်ကြည့်တဲ့hyung ရဲ့မျက်နှာက​တော့အုံ့မှိုင်းစွာ။

"Ji.... hyung တို့လမ်းခွဲရ​အောင်..."

"ဟင်....(အာ​မေဋိတ်သံ)"

ဒီ​နေ့ကစာ​မေးပွဲနောက်ဆုံး​ဖြေပြီးခဲ့တဲ့အပြင်အထက်တန်းပြီး,ပြီးတက္ကသိုလ်ကိုတက်ရ​မှာမို့hyung နဲ့​လျှောက်လည်မည်​ပေါ့...နောက်ထပ်ထူးခြားတာကသူတို့၁နှစ်ပြည့်​နေ့​လေး..ကျောင်းနှစ်စ​လောက်ကစတွဲခဲ့တာခု​ကျောင်းနှစ်ကုန်ထိ၁နှစ်ပြည့်ခဲ့သည်မို့hyung ဆီက​နေသူလိုချင်တာ​တောင်းမည်​ပေါ့...စိတ်ကူးများစွာရှိခဲ့တဲ့သူ့ကိုခုစကား​လေးတစ်လုံးထဲနဲ့အကုန်ရိုက်ကျိုးပစ်လိုက်ပြီ​ပေါ့။

"Hyung တောင်းပန်ပါတယ်...."

သူမယုံနိုင်​သောအကြည့်များနှင့်hyung ကိုစူးစူးစ်ိုက်စိုက်ကြည့်​နေခဲ့ပါတယ်။

"ဘာဖြစ်လို့လဲ...ဘာလို့လဲhyung??"

ပြုံး​ပျော်​နေတဲ့မျက်နှာ​လေးက​နေချက်ချင်းမိုးပြိုသလိုပြာယာခက်စွာ​မေးလာတဲ့သူ​လေး....အဲ့လို​တွေ​မေးမယ်ဆ်ိုတာလဲကြိုသိပြီးသားပါ။...ဒါ​ပေမဲ့အဲ့​မေးခွန်းအတွက် Min yoon Gi ဆိုတဲ့လူသားမှာအ​​ဖြေမရှိဘူး...အ​ဖြေရှိခဲ့ရင်​တောင်​ဖြေဖို့ခက်ခဲမယ့်အ​ဖြေတခုဖြစ်လိမ့်မယ်။

ညီWhere stories live. Discover now