တညနေ အလုပ်ဆင်းခါနီးသူအမှိုက်ပုံးတွေသွန်ဖို့အမှိုက်ထုပ်တွေကိုချည်ပြီးသိမ်းနေလေရဲ့..။ အဲ့နေ့ကတော်တော်နောက်ကျနေတဲ့အပြင်ညနေလောက်ထဲကရွာနေတဲ့မိုးပြေးလေးကလဲဟိုတပေါက်ဒီတေပါက်နဲ့မတိတ်နိုင်သေး။
ဆိုင်မှာcustomer ၁ယောက်စ၂ယောက်စသာကျန်တော့တာမို့လူရှင်းနေပီ။
အမှိုက်ထုပ်၂ထုပ်ကိုဆွဲ၍ဆိုင်ပြင်ကိုရွေ့ထုတ်ဖိုလုပ်လိုက်ပါတယ်....မိုးရေကြောင့်ချွဲပြီးပြောင်နေတဲ့ကြမ်းပြင်ကြောင့်.....
"အမေ့............"(အာမေဋိတ်သံ)
အနောက်မှတစုံတရာရဲ့လှမ်းဆွဲမှုကြောင့်ကံကောင်းလို့ကြမ်းပြင်နဲ့မျက်နှာမရိုက်မိတာပါ။စာဖတ်သူတို့ထင်သလိုသူတို့၂ယောက်ရဲ့ပုံစံလေးကရိုမတ်တစ်တော့သိပ်မဆန်ပါဘူး....လှမ်းဆွဲထားတာကအကျီလယ်ဂုတ်ကနေပါ😅😅
"အဟွတ်...အဟွတ်...."
"သတိထား....ချော်လဲမယ်"
ဆွဲထားတာလေးကိုလွတ်ပေးလိုက်တော့မျက်လုံးအဝိုင်းသားလေးနဲ့ပြူးကြည့်နေပြန်ပါတယ်။
"မင်းလဲမှာစိုးလို့...လှမ်းဆွဲလိုက်တာ"
"ရတယ်....ကျွန်တော်ဘာမှမဖြစ်ဘူး"
စိတ်ထဲမှာတော့......
"အနည်းဆုံးတော့လက်ဖြစ်ဖြစ်လှမ်းဆွဲသင့်တာမဟုတ်ဘူးလား....ဘာလို့လည်ပင်းလဲ...တကယ်ကိုဘာမှမသိတဲ့ကျောက်ရုပ်ကြီး"(စိတ်ထဲ၌ပြော)
Min yoongi တို့သူများကိုရုပ်တည်ကြီးနဲ့ပြောပြီး.....ကိုယ့်ဖိနပ်ကြိုးကိုပြန်တက်နင်းမိရင်းကြမ်းပြင်ကလဲslip ဖြစ်နေတာနှင့်...နီးရာလူကိုလှမ်းဆွဲမိလိုက်တော့......နှစ်ယောက်သားကြမ်းပြင်ပေါ်ကိုတဖန်လှဲကျတဲ့အပြင်...သူကအပေါ်ကလူမို့......
".....................😗......"(နမ်းမိလိုက်လေရဲ့ပါးကို)
".......😶😳😳😳😳"
ဆန်မုန့်မျက်နှာလေးနီရဲတွတ်လာတော့min yoongi တို့သတိတောင်မကပ်နိုင်တော့ဘဲနောက်ထပ်ပါးကလေးတဖတ်ကို"ရွတ်" ခနဲထပ်နမ်းချမိလိုက်ပါတော့တယ်။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...