October 13🌷
မနေ့ကလဲ ကောင်လေးcompany ကိုမလာခဲ့ဘူး။ နေ့တိုင်းလိုလိုလာနေတဲ့ကောင်လေးက
မလာတော့ hoseok ကိုလဲမေးရသေး။Hoseok ကလဲမတွေ့မိဘူးတဲ့။
ဒီမနက်အလုပ်ကိစ္စလမ်းကြုံလို့ကောင်လေးအိမ်ကိုဝင်ပြီး banana milk နဲ့မုန့်လေးအနည်းငယ်ပို့မလို့ ဂျစ်တူးကောင်အိမ်ဘက်လှည့်ထွက်လိုက်ပါတယ်။
အိမ်ရောက်တော့ အိမ်တော်ထိန်းကြီးနဲ့တွေ့ပြီး.........
"သူအိမ်မှာမရှိဘူး.....ခပ်စောစောလောက်ကထွက်သွားခဲ့တာ....မနေ့ကပြန်ရောက်ထဲကဘာတွေအလုပ်ရှုပ်နေမှန်းမသိပါဘူး....အိမ်ပြန်ရောက်ထဲက မီးဖိုချောင်းထဲဝင်လိုက်ပြန်ထွက်လိုက်နဲ့....နောက် ချက်စရာအစားအစာတွေလဲအများကြီးဝယ်လာသေးတယ်...ဒီမနက်ပဲအဲ့တာတွေအကုန်ယူပြီးထွက်သွားတယ်....မဟုတ်မှလွဲရော...သူ့သူငယ်ချင်းတွေနဲ့camping ထွက်မလို့လားမသိဘူး.....ဘာပြောပေးရမလဲ...သား??"
"ဘာမှအထွေအထူးမရှိပါဘူး....သူ့အတွက်ဒီမှာ......မှာ...စားစရာ......"
စကားပင်မဆုံးသေးပဲ ဧည့်ခန်းထဲကို ဒေါက်မြင့်တဂွတ်ဂွတ်ဖြင့်ဝင်လာသောအမျိုးသမီး။
"Jeon......Jeon...ရှိလားမသိဘူးရှင့်"
"အာ....ဟိုနေ့ကမိန်းကလေးပဲ...ဂျွန်မရှိဘူးကွယ့် ......ဘာကိစ္စလို့ပြောပေးရမလဲ"
အိမ်တော်ထိန်းကြီးကထိုအမျိုးသမီးကို မေးတော့ရောက်တော့တဲ့သူ့ကိုလည်း ခပ်စူးစူးကြည့်လာပြန်ပါတယ်။ ဒါဘယ်သူလဲဆိုတဲ့အကြည့်။
အဲ့ခပ်လှလှအမျိုးသမီးကကောင်လေးနဲ့သိပုံပေါ်ပါတယ်....။အိမ်တော်ထိန်းကြီးနဲ့လဲသိပုံထောက်ရင်ဒီအမျိုးသမီးကဘယ်သူလဲ။
"Jeon နဲ့တွေ့ချင်လို့ပါ....ဟိုနေ့ အရမ်းမူးသွားတဲ့ညကထဲကသူနေကောင်းပါ့မလားလို့လာကြည့်တာ...ဒီနေ့ကျမှပဲJeon ကမရှိဘူး"
"သူနေကောင်းပါတယ်....."
သူ့ရှေ့တွင်အိမ်တော်ထိန်းကြီးနှင့်ထိုအမျိုးသမီးအပြန်အလှန်ပြောနေသောစကားတချို့ကိုကြားရတော့ ကောင်လေးကဒီအမျိုးသမီးနဲ့သွားသောက်ရတဲ့အဆင့်ထိရင်းနှီးကြတာလား။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...