Jeon Jungkook ရဲ့တနေ့တာသည် Park jimin ပါလို့ပြောရင်ပိုမှန်နေမည်။ တနေ့လောက်မတွေ့ရရင် တယူဇနာလောက်မိုင်ပေါင်း ဝေး သွားပြီထင်ရလောက်အောင်လွမ်းတက်သူ။ အဲ့လိုပိုကဲလွန်းလို့ တခါတခါသူ့ကိုယ့်သူတောင်မယုံနိုင်။
လွမ်းလာရင် Park group ဘက်ပြေးပြီး ချစ်ရသူလေးကိုပြေးတွေ့လိုက် Jay တို့နဲ့ ဆုံလိုက်။ Jeon group ဆိုတာသူခြေဦးတောင်မလှည့်တဲ့နေရာကြီးလိုဖြစ်နေပြီ။
Company နဲ့ပက်သက်တာတွေ ဗလာနတ္ထိ။ သူစိတ်မှမဝင်စားပဲ။ လိုအပ်လို့သာ ဘွဲ့တွေ ရာထူးတွေယူထားရတာ။အလုပ်ထဲသာခေါင်းနစ်ပြီးအသဲအသန်တွေကြိုးစားနေတဲ့ချစ်ရသူလေးကတော့သူနဲ့လုံးဝဆန့်ကျင်ဘက်။ အသက်အရွယ် တခုကိုရောက်နေပြီဆိုပေမဲ့ အရွယ် ရောက်နေပြီးသားပါလို့ဆိုရင်တောင် သူ့စိတ်လေးက ကလေးဆန်နေတက်တာမလား။
အစ်ကို ပြန်မချစ်လို့။ အစ်ကိုပြန်ချစ်တဲ့ထိစောင့်မယ်ဆိုပြီး ဆိုင်ကယ်ကြီးတကားကားနဲ့ Park group ထဲခြေချင်းလိမ်အောင် သွားနေတက်တဲ့သူ့ကို Company တခုလုံးအလွတ်တဲ့ထိမှတ်မိနေကြပြီ။
အစ်ကိုသာလျှင်သူ့ကို မသိချင်ယောင်ဆောင်ပြီးခုချိန်ထိဆွဲထားနေသေးတာ သိသိရက်နဲ့ အစ်ကို က အဖြေအကြောင်းမေးရင် လမ်းကြောင်းလွှဲ,လွှဲသွားတက်တာ။
တခါတလေ ဂျစ်တူးကောင်လေးက အကောင်ပေါက်လေးမသိအောင် အကောင်ပေါက်လေးအိမ်ကိုသွားပြီး အကောင်ပေါက်လေးရဲ့အဖေကိုလည်း စည်းရုံးရေးသွားဆင်းနေတက်သေး။
သဘောကောင်းတဲ့ အကောင်ပေါက်လေးရဲ့ဖခင်ဟာလည်း "kookie လေး" ဆိုပြီးအကဲတွေပို သဘောတွေကျတွေတက်ပါသေးသည်။
သမက်လောင်း လေး ဘယ်လောက်တော်လိုက်သလဲ။.................................................................
အချိန်အတိုင်းအတာတခုရောက်တဲ့ထိတဖက်ကလုံးဝလက်မလျော့သွားတဲ့ကောင်လေး ကိုသူ တဖြည်းဖြည်းသတိထားခဲ့မိတယ်။
အမြဲလိုလို Company ကိုဝင်ထွက်ပြီးသူ့ဆီလာနေကျကောင်လေးကို အချိန်တန်ရင် ရောက်လာမလားဆိုပြီး MD Park ဂုဏ်သိက္ခာတွေဘာတွေမငဲ့နိုင်ပဲ မျှော်မိတာ အမှန်။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...