အေးမြတဲ့ October ကုန်ခါနီးNovember ကိုရောက်ရှိ တော့မည်မို့ ဆောင်း၏အငွေ့အသက်တွေစတင်ခံစားနေရပြီ။အေးလွန်းသည်လည်းမဟုတ်။ အေးမြမြရှိရုံ အငွေ့အသက် တို့ကပက်ဝန်းကျင်မှာ လွမ်းခြုံနေသည်မို့ အလိုလို လန်းဆန်းပြီး နေ၍ထိုင်၍ပင်အတော်ကောင်းနေသည်။အလွန်ကိုငြိမ့်ညောင်းသာယာလွန်းသည့် အငွေ့အသက်နှင့်အတူ ယနေ့သည်လဲ ချစ်ရသူနှင့်တနေ့တာ ကိုကုန်ဆုံးရမှာမို့ တွေးကြည့်လျှင် တမြေ့မြေ့ ပြုံးပျော်ရသည့် အခြေအနေမျိုးပင်ဖြစ်သည်။
ဘယ်လောက်ချစ်လဲမေးရင် ဖြေစရာမရှိ။ ဘာလို့ အဲ့လောက်ချစ်လဲမေးရင်လဲ ဖြေစရာကမရှိပြန်။ သူ့အတွက်အရိုးရှင်းဆုံးက အဲ့အဖြေတွေလိုအပ်မနေပါဘူး။ ဘာမှတိုင်းထွာလို့မရ,မျက်စိနဲ့မမြင်နိုင်,အဆုံးဆိုတာ မရှိတဲ့ ထာဝရတွေရဲ့အလွန်ထိ ချစ်တယ်ဆိုတာ အကောင်ပေါက်လေးသိဖို့ အမြဲကြိုးစားနေမည့်သူမျိုး။
တန်ဖိုးထားလွန်းလို့ ,တွန့်တိုလွန်းလို့ ရူးပြီးသေသွားရပါတယ် ဆိုလျှင်လူကြားမကောင်းမှာစိုးလို့ ကိုယ့်ဘာကိုယ်မနဲ က္ကန္ဒြေ ဆယ်ထားရတာ။
"သား Jeon အစောကြီးပါလား"
အိပ်မှုံစုတ်ဖွား မျက်မှန်တပ်ရင်း အခန်းထဲမှထွက်လာသော အိမ်တော်ထိန်းကြီးတောင်မျက်လုံးမျက်စံပြူးသွားလေခြင်း။သူဘယ်နှခါဒီလိုအချိန်စောထဖူးလို့လဲ။
"ဟုတ်တယ်..ကျွန်တော် စောနိုးနေတာ"
အမှန်က ပေါက်ထွက်မတက် ရင်ခုန်လွန်းလို့ညကတည်း အိပ်မရတာလို့ ဝန်ခံစမ်းပါ Jeon Jungkook ရာ။လိမ်တာကြီးက အသိသာကြီး။ကိုယ့်ဘာကိုယ်တော့ရယ်ချင်မိသား။
ချိန်းထားသည်မှာ နေ့လည်လောက်မှ။ နိုးနေတာကဝေလီဝေလင်း။ဟုတ်နေပြီ။
လသာခန်းကိုထွက်လိုက်, အောက်ထပ်ပြေးဆင်းလိုက်, အခန်းထဲပြန်ဝင်လိုက်, ဗိုက်ဆာသလိုလို တခုခုပဲစားချင်နေသလိုလို, ရှေ့လျှောက်နောက်လျှောက် ခေါက်တုံ့ခေါက်ပြန်, ခြံထဲဆင်းပြီး ပန်းပင်လေးတွေကိုဆိတ်လိုက်, ခြွေလိုက် ဂနာတွေမငြိမ်။
ဝမ်းလျားထိုးပြီး ဒိုက်ထိုးလိုက်,ခုန်လိုက်နှင့် ဘာမှတောင်ကိုင်လို့မထိ။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...