"ဘာတွေအော်ကြီးဟစ်ကျယ်ဖြစ်နေတာလဲ......ရှင့်လဲ...ဖုန်းတခါပြောတာ...ကမ္ဘာပျက်မလိုပဲ....ဘာလဲ jungkook ကိုcompany ကိစ္စခိုင်းလိုက်ပြန်ပြီလား..."
"ငါစိတ်တိုနေတယ်....ဘာမှမပြောချင်ဘူး...."
"ဟွန့်...အဲ့ကောင်လေးကဘယ်နားသုံးစားလို့ရလို့လဲ....ရှင်သွားသွားခိုင်းနေတာ...သား Tan ကိုပဲခိုင်းစမ်းပါ...သားTan ဒီ လောက်ကြိုးစားတာရှင်လည်းသိတာပဲ"
"အင်း...သိပါတယ်...အာ့ကြောင့်လည်းAmerica က company တွေအကုန်နီးပါးရဲ့ ဝေယျာဝေစ္စတွေသူ့ကိုပဲလွဲပေးထားတာလေ...မင်းလည်းသိတာပဲ"
"ရှင်ကလည်း...ဟိုကcompany ကိုလည်း သား Tan ကိုလွဲပေးထားသင့်တာပေါ့"
"အင်း(သက်ပြင်းချသံ)......"
"ရှင့်ကိုပြောလိုက်ရင်အဲ့လိုသက်ပြင်းချည်းချနေတာပဲ......"
မိန်းမလုပ်သူဘာမှဆက်မပြောပဲအခန်းထွက်ကနေငေါက်ငေါက်,ငေါက်ငေါက်နဲ့ထွက်သွားပါတယ်။
ပြောသွားတဲ့ထဲမှာတချို့တဝက်တွေကလဲမှန်နေသည်မို့သူပြန်ပြောဖို့ရန်မတက်သာခဲ့ပါဘူး။
အမှန်တကယ်လည်းသူ့မှာဗျာများနေခဲ့ရပါတယ်....သားနှစ်ယောက်ကြား။
........................................................"Mommy ....... ဟိုကောင့်ကိုdaddy အလုပ်တွေသွားခိုင်းပြန်ပြီလား....."
"ဟုတ်တယ်.....သိပ်အဆင်ပြေပုံမရပါဘူး...သားရယ်....သိတဲ့အတိုင်း...ဟိုကောင်လေးကငယ်ငယ်ကလိုမဟုတ်တော့ဘူး...အကုန်ကန့်လန့်တွေလုပ်နေတာ"
"အဲ့လိုလုပ်တာ...ကျွန်တော့်အတွက်ပိုအဆင်ပြေတာပေါ့ mommy ရဲ့...ကျွန်တော်daddy ဆီကအမှတ်များများယူလို့ရတာပေါ့..."
"သိပ်လျော့မတွက်နဲ့ သား...အဲ့ကောင်လေးကအရင်လိုမဟုတ်ဘူး..."
"mommy ရယ် အဲ့ကောင်ကျွန်တော့်ကိုဘယ်တုန်းကလှန်ရဲလို့လဲ....သူ့ရဲ့ပိုင်ဆိုင်တာမှန်သမျှငယ်ငယ်ထဲကကျွန်တော်ယူခဲ့တာပဲမလား...ခုလဲသိပ်ပြီးစိတ်မပူပါနဲ့...."
စကားပြောရင်ပါးစောင်ကိုလျှာထိုးပြီးပြောတက်တဲ့အကျင့်ကငယ်ငယ်ထဲက.....။ Jeon Min Tan အကြောင်းရှင်းပြစရာမလိုအောင် ဗီဇအကျင့်တွေမပြောင်းမလဲကြီးပြင်းလာတာJungkook နဲ့အပြိုင်...၂နှစ်ကြီး၂နှစ်ငယ်ဆိုသော်ငြားခန္ဓာကိုယ်ချင်းကမတိမ်းမယိမ်း။ ခပ်ဆိုးဆိုးမာယာများတဲ့ယောကျာ်းလေးတွေကိုမှကြိုက်တက်တဲ့မိန်းကလေးတွေအတွက်
Jeon Min Tan ဆိုတဲ့သူကကွက်တိ။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...