သူခုတလော စိတ်ညစ်သလိုလိုနဲ့ရင်ထဲမကောင်းဖြစ်နေတာဟိုနေ့က ပြန်လာထဲက။
အပြင်မသွားပဲအိမ်မှာခြေငြိမ်နေတော့ Jay တယောက်အိမ်ကိုပေါက်ချလာပါတော့တယ်။
"Jk ငြိမ်လှချည်လားကွ...မင့်ဟာကလဲ...."
Jay ပြောသလိုပါပဲ...သူအပြင်မထွက်တာ၂ရက်လောက်ရှိပြီ။
ပုံမှန်သူ့ပုံစံကဒါမျိုးမှမဟုတ်ပဲ။ ညတိုင်း club တို့ bar တို့မှာအချိန်ကုန်နေကျ။
အဲ့နေရာတွေမသွားရင်ကားသွားပြိုင်တယ်။သူငယ်ချင်းတွေစုပြီး ပြိုင်ကားတွေပြိုင်မောင်းရင် သောက်စားတာတွေရှိတယ်။နေ့ဆိုလဲJay တို့အိမ်သွားရင်သွားမသွားရင် ရှော်တီလေးတွေရှိတဲ့ရေကူးကန်တို့ဘာတို့က Jk တို့အုပ်စုရဲ့ခြေရာတွေချည်း။
တခါတခါ Boxing လုပ်ဖို့အားကစားရုံသွားတယ်။
အားလုံးထဲမှာ သူမသွားတာဆိုလို့
Jeon Group company ပဲရှိတယ်။ဟိုတလောက Park group ဘက်ခြေလှည့်မိနေပေမဲ့ဟိုနေ့ကပြန်လာပီးထဲက Park Group ကိုသွားဖို့ခြေလှမ်းတွေလေးနေတယ်။
Jay ကမေးတော့.....
"အင်း....ဒီလိုပါပဲ"
"မဟုတ်သေးပါဘူး...ဒါမင်းပုံစံမဟုတ်ပါဘူး.....ဘာဖြစ်နေတာလဲ"
"ငါတခုမေးစရာရှိတယ်....."
"အင်း....ပြော...."
"ယောကျာ်းတယောက်ကယောကျာ်းတယောက်ကိုသဘောကျတယ်ဆိုတာဖြစ်နိုင်လား"
"အင်း.....အဲ့ဒါကတော့သူတို့ကိုယ်တိုင်ပေါ်မူတည်တာပေါ့....ခုခေတ်ကြီးမှာအဲ့လိုအတွဲတွေအများကြီးရှိနေတာ....အကုန်ပွင့်လင်းနေတာ..အဓိက,ကတယောက်ကိုတယောက်အပြန်အလှန်သဘောကျနေရင်ပြီးပြီ"
Jay စကားကြောင့်သူခဏစဥ်းစားရင်း......
ဟုတ်ပါတယ်လေ။တယောက်ကိုတယောက်အပြန်အလှန်သဘောကျမှဖြစ်မှာပေါ့။
"နေစမ်းပါဦး....မင်းဒါမျိုးတွေငါ့ကိုဘာလို့မေးတာတုန်း"
"ငါမင်းကိုအသေချာပြောမယ်နော်...ငါသဘောကျတဲ့သူရှိနေပြီ"
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...