"Hoseok...ငါဝင်စရာလေးရှိလို့မင်းဘာသာပဲပြန်နှင့်လိုက်တော့ကွာ....နော်..."
"ဘယ်ကိုလဲ....."
"ဒီcoffee ဆိုင်လေးတင်ပါ"
"ကိစ္စရှိလို့လား"
"ငါယူစရာလေးရှိလို့"
"အင်း....အင်း....သိပြီ"
"အင်း....ကောင်းကောင်းပြန်ဦးနော်"
Hoseok ကဘာမှပြန်မပြောပဲလက်ပြလိုက်ပြီး'သွားပြီ'ဆိုတဲ့သဘောနှင့်။
သူနဲ့Hoseok ကျောင်း ရှေ့တင်ပဲလမ်းခွဲပြီး............
..........................................................
"အမ....မနက်ကကျွန်တော့်ကဒ်လေးလာယူတာပါ""အာ.....ဟုတ်ကဲ့....ရပါပြီ....အမှန်တော့မနက်ထဲကသူဌေးကရောက်နေတာကဒ်ပေးဖို့....ရှေ့နောက်လွဲသွားကြတာ"
"ဟုတ်...ဟုတ်ကဲ့"
"အပေါ်ထပ်ကိုတက်သွားလိုက်ပါ....အပေါ်ကောင်တာမှာသူဌေးရှိပါတယ်"
"ဟုတ်ကဲ့ဗျ"
Coffee ဆိုင်ကနှစ်ထပ်မို့အပေါ်ထပ်ကိုသူတက်လာလိုက်ပါတယ်....အပြင်အဆင်ကတော့လုံးဝအငြိမ်စတိုင်လ်။နုနုရွရွလေးတွေထက်အုံအုံမှိုင်းမှိုင်းလေးတွေကပိုများနေပါတယ်။ဒါမဲ့အဲ့တာတွေကစိတ်ကိုညို့နွမ်းသွားစေလားဆိုရင်တော့လုံးဝမညိုးနွမ်းစေပါဘူး။ မညိုးနွမ်းစေတဲ့အပြင်အငွေ့အသက်ကကြည်နူးဖို့ကောင်းနေပါတယ်။
စားပွဲတခုမှာကျောပေးထိုင်နေသောအမျိုးသား.....သူတက်သွားတော့ကောင်တာမှာလူမရှိ....ဝေ့ဝိုက်ကြည့်လိုက်တော့သူဌေးနဲ့တူတဲ့သူတယောက်မှမတွေ့....ကျန်တာcustomer အနည်းငယ်နှင့်။
"ရောက်လာပြီလား....."
စကားဆိုလိုက်တာကြောင့်သူလှည့်ကြည့်လိုက်ပြီး.....
"မနေ့က....မနေ့က....အမျိုးသား...."(စိတ်ထဲ၌ပြော)
"လာ....ထိုင်ပါဦး"
မနေ့ကလိုပဲသူကြောင်အမ်းအမ်းထပ်ဖြစ်ပြန်ပါပြီ။ထိုအမျိုးသားကအနက်ရောင်ရှပ်ကိုလက်ဖျံထိခေါက်တင်ထားပြီးမနေ့ကနဲ့တပုံစံထဲ။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...