Part-10

210 13 5
                                    

ည ၇နာရီမှာသူ အစည်းအ​ဝေး dinner ရှိတာမို့Hotel ကို​စော​ရောက်​နေပါပြီ။အဲ့လိုဝီရိယ​ကောင်းတာ။ ဒီအစည်းအ​ဝေးက  park jimin အတွက်အ​ရေးပါအရာ​ရောက်​သောပွဲတခုဆိုမမှားဘူး..Korea ရဲ့အကြီးမားဆုံး​ဆောက်လုပ်​ရေးဒီဇိုင်းဆွဲတဲ့engineers ပေါင်း​မြောက်မြားစွာနဲ့ဖွဲ့စည်းထားပြီးစက်ရုံ​တွေရှယ်ယာစုဝင်အများအပြားရှိပြီး korea မှာသာမက America မှာပါcompany ခွဲ​တွေရှိတဲ့ Jeon  group လုပ်ငန်းစုနဲ့ပူး​ပေါင်းမယ့်အစည်းအ​ဝေးပွဲသာဖြစ်တယ်။အခုလို company ကြီးနဲ့ပူး​ပေါင်းဖို့မျိုးကိုဘယ်လက်လွှတ်ခံမလဲ။

အားလုံးလူစုံပြီးအစည်းအ​ဝေးစဖို့Jeon group ဘက်က korea ရုံးချုပ်ကတာဝန်ရှိသူတ​ယောက်သာ​ရောက်လာပါတယ်။ သူတို့​ပြောပုံအရဥက္ကဠက america မှာလို့ဆိုပါတယ်။အပြန်အလှန်​ဆွေးနွေး မှုလုပ်ပြီး​နောက်Jeon group ဘက်ကတာဝန်ရှိသူက....

" အခုလိုဖိတ်ကြားတာကိုတက်​ရောက်​ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်...Mr.Park...နောက်တပက်​လောက်​နေရင်​တော့ကျွန်​တော်တို့ဘက်က​အကြောင်းပြန်​​ပေးပါ့မယ်..အမှန်​တော့ဒီ​နေ့ပွဲကိုဥက္ကဠရဲ့သား​ရောက်မလာလို့​နောက်တပက်ချိန်းလိုက်ရတာပါ။အဲ့အတွက်ကျွန်​တော်တကယ်​တောင်းပန်ပါတယ်။korea ရုံးချုပ်ဘက်ကကျွန်​တော်ဆုံးဖြတ်လို့ရ​ပေမဲ့တတံဆိပ်ထုဖို့နဲ့လက်မှတ်ထိုးဖို့ကိုဥက္ကဠကသူ့သားကိုလွဲထားလို့ပါ....ကျွန်​တော်တ​ယောက်ထဲရဲ့အာဏာနဲ့အဆင်မ​ပြေလို့ပါ"

"ရပါတယ်ဗျာ...ကိစ္စမရှိပါဘူး...company နှစ်ခုပူး​ပေါင်း​ရေးပဲ....အချိန်ယူရမှာ​ပေါ့..အ​လောတကြီးဆုံးဖြတ်လို့ဘယ်ဖြစ်မလဲ"

"အခုလိုနားလည်​ပေးလို့​ကျေးဇူးတင်ပါတယ်"

အနည်းငယ်ပြုံးပြပြီးအစည်းအ​ဝေးကိုနိဂုံးချုပ်လိုက်ပါ​တော့သည်။ပြုံးသာပြုံးပြရတယ်ရင်ထဲမှာ​တော့​အောင့်သက်သက်.....။

တခါထဲပြီးရမယ့်ကိစ္စကို​နောက်တပက်ထိအရစ်ဆွဲ​နေဦးမယ်တဲ့လား။တော်​တော်အလုပ်ကိုမ​လေးစားတာပဲ။...ဒါမျိုး​ပေါ့..ပိုက်ဆံရှိသူ​ဌေးသား​တွေမိဘပိုက်ဆံထိုင်ဖြုန်းပြီးအလုပ်ကို​ကောင်း​ကောင်းမလုပ်...ပေါ့​ပေါ့တန်တန်ဆန်ကုန်​မြေ​​လေး​တွေ....အဲ့လိုလူ​မျိုးကြောင့်ငါ့အလုပ်​တွေ​နှောင့်​နှေးကုန်ပြီ။ စောင့်ရမှာ​ပေါ့လို့ပါးစပ်က​ပြော​ခဲ့ပေမဲ့ တလက်စထဲအပြီးသတ်ရမှာကိုခု​တော့.....
စိတ်ထဲတထင့်ထင့်နဲ့ကျိတ်မနိုင်ခဲမရဖြစ်​နေပါပြီ။

ညီWhere stories live. Discover now