Company မှာပဲချပေးပါပြောပေမဲ့အိမ်ထိလိုက်ပို့ပေးတာကြောင့် အဖေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
"အန်ညောဟာဆေယို...Jeon Jungkook လို့ခေါ်ပါတယ်"
အဖေကခေါင်းတညိပ့်ညိပ့်..။
"သား..အခုလက်တွဲထားတဲ့မိတ်ဖက်Company ပိုင်ရှင်ရဲ့သားပါ.."
"အေ့....ငယ်"လေးပဲရှိသေးပါလားကွယ့်..ချစ်စရာလေးပဲ"
သူ့ကိုချစ်စရာလေးလို့လဲပြောရောသွား၃၂ချောင်းပေါ်အောင်ရယ်ပြပြုံးပျော်သွားတာများ။ အဖေတို့ကတော့ဒီဂျစ်တူးကိုဘယ်နားကဘယ်လိုကြည့်ပြီးချစ်ဖို့ကောင်းသွားရတာပါလိမ့်။ဒီကောင်လေးဥာဏ်များတာကျွန်တော်သာအသိဆုံးအဖေရေ့..။
"အာ့တာကြောင့်ထင်တယ်...Hoseok ကသားရဲ့အိတ်တွေဝင်ထားပေးသွားတယ်..သားအပြင်သွားတယ်ဆိုလို့"
"ဟုတ်မယ်"
"Jeon Jungkook လို့ခေါ်တယ်နော်...နာမည်လေးကလှတယ်..kookie လို့ပဲခေါ်မယ်လေ...နောက်လဲလာလည်လာအိပ်နော်..ကိုယ့်အိမ်လိုသဘောထားပြီးဝင်ထွက်ပေါ့ကွာ..."
"ဟုတ်ကဲ့... uncle"
သွားကိုဖြီးလို့။ သူပျော်နေတာ..တရင်းတနှီးခေါ်ခံရလို့နွေးထွေးသလိုခံစားနေရတာ။
"ပြန်ပါစေတော့..အဖေရယ်"
မနဲကြားဝင်စကားဖြတ်တော့မှ...
ဂျစ်တူးကောင်လေးကိုခြံဝထိလိုက်ပို့ရင်း....
"ကျွန်တော်မပြန်ချင်သေးဘူး...uncle တောင် ခေါ် အိပ်နေတာ..ကျွန်တော်ထာဝရဒီအိမ်မှာဝင်ထွက်ချင်တယ်..."
"မသိဘူး..သွား...သွား..ပြန်တော့..."
"မပြန်ချင်သေးပါဘူးဆိုမှ..."
"မင်းပြန် အောင်ငါဘာလုပ်ရမှာလဲ..ပြော..."
အဲ့လိုပြောတော့လက်ညိုးလေးနဲ့သူ့နှုတ်ခမ်းသူထိုးပြလာတော့....
"ဟိတ်...ဟိတ်...အဲ့ဒါကတော့..."
နှုတ်ခမ်းစီကနေ ပါးလေးကိုထပ်မံလက်ညိုးထိုးပြလာပြန်တော့....
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...