ဒီမနက်ကျောင်းလာတာစောလို့ဟိုနေ့က hoseok ပြောတဲ့ဆိုင်လေးဆီတချက်လှမ်းကြည့်မိတော့ ဆိုင်လေးရဲ့မှန်တံခါးလေးမှာopenဆိုတဲ့ဆိုင်းဘုတ်လေးချိတ်ထားလေရဲ့။ ဆိုင်စဖွင့်ပြီထင်တယ်....သူတို့ထင်ထားသလိုgameဆိုင်တော့မဟုတ်ပါ။ အကျယ်အဝန်းအရမကျဥ်းသော်လည်းတခမ်းတနားကြီးမဟုတ်သောအနေသင့်အတော်အသင့်နဲ့သေသေသပ်သပ်လေးရှိနေတဲ့coffeeဆိုင်လေး။
ကြည့်လိုက်တာနဲ့တင်အပြင်အဆင်ကလှတယ်ဆိုတာထက်သန့်ပြီးခန့်နေတာမျိုး။အဝေးကလှမ်းကြည့်တာတောင်ဒီလောက်ကြည့်ကောင်းနေရင်အထဲကအပြင်အဆင်နဲ့ဆိုင်ရဲ့menu တွေကိုခန့်မှန်းမိမှာပါ။
သူအကြည့်တွေလွဲပြီးကျောင်းထဲဝင်လာခဲ့ပါတယ်..။
အတန်းထဲရောက်တော့hoseok တယောက်မရောက်သေး...သူတို့ကအပြန်သာအတူတူပြန်တာအလာကတော့တယောက်တလိုင်း။
ပြောလို့မဆုံးသေးပါဘူး.....ငနဲသား..ဆူပုတ်ပုတ်နဲ့ရောက်လာပါပြီ။
"ဘာဖြစ်လာတာလဲ..မျက်နှာက"
"ဘာမှမဟုတ်ဘူး"
"ပြောစမ်းပါ"
"ဟိုဆိုင်လေ ...gameဆိုင်လဲမဟုတ်ဘူး"
"အဲ့တာ..ဘာဖြစ်"
"ဘာဖြစ်ရမှာလဲ...ဟိုရက်ကမုန့်ဖိုးတောင်game ဆော့ဖို့ဆိုပြီးမသုံးပဲထားတာ..ခုတော့ခဲလေသမျှသဲရေကျ..."
"အဲ့တော့လဲအဲ့ပိုက်ဆံနဲ့အဲ့coffee ဆိုင်မုန့်သွားစားတာပေါ့ကွာ"
"မစားချင်ပါဘူး"
"ဆိုင်လေးကကောင်းမဲ့ပုံပါ.....အသစ်ဆိုတော့သွားကြည့်ရအောင်...."
"အေးကွာ....သဘော..သဘော..."
အဲ့အချိန်တွေကကျွန်တော်နဲ့hoseok ရဲ့အပျော်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်....အပူအပင်ကင်းစွာကျောင်းသားဘဝဖြတ်သန်းချိန်ပေါ့....
ထူးဆန်းစွာနဲ့မြားနတ်မောင်လေးကမျက်စိလည်လမ်းမှားပြီးကျွန်တော့်ရင်ဘက်တည့်တည့်ကိုပစ်ခွင်းလိုက်လေသလား....အချစ်ဆိုတာဘာမှန်းကောင်းကောင်းမသိတဲ့အနူးမနှပ်၁၈နှစ်အရွယ်လေးမြားနက်မောင်ကြောင့်အချစ်နွံထဲပစ်လဲခဲ့ရလေပြီ...။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...