Part-24

162 13 2
                                    

ညကအ​တော်များသွားလို့ထင်သည်။မနက်မိုးစင်စင်လင်းမှသူ နိုးလာသည်။ဒါ့အပြင် ခေါင်းကလဲအနဲငယ်ကိုက်တာကြောင့် အိပ်မှုန်စုတ်ဖွား နဲ့ပဲ အောက်ထပ်ကိုဆင်းလာလိုက်သည်။ ညကသူဘယ်လိုပြန်​ရောက်လာလဲ​​တောင် ကောင်း"မမှတ်မိ။ သေချာ​ပေါက် Jay ပြန်ပို့တာပဲဖြစ်မည်ဟုစိတ်ကထင်လိုက်သည်။

​ခေါင်းကိုက်တာမို့နားထင်နှစ်ဖက်ကိုလက်နှင့်ဖိရင်း.....

အိမ်​တော်ထိန်းကြီးက...

"သားJeon နိုးလာပြီလား...အမူး​ပြေ soup လုပ်ထား​ပေးတယ်...သောက်လိုက်ဦး​နော်...ဒါနဲ့...ညက သားအရမ်းမူး​နေလို့ သားအသိလို့​ပြောတဲ့အမျိုးသမီးတ​ယောက်လာပို့သွားတယ်...သားအသိလို့​ပြောတာပဲ...အသိထဲမှာတခါမှမမြင်ဖူးဘူး"

အိမ်​တော်ထိန်းကြီး​ပြောမှ ေသာက်လက်စ, soup တောင်ရပ်သွားပြီး....

"အမျိုးသမီး???"

"ဟုတ်တယ်....သားကိုအထဲဝင်ပို့မလို့လုပ်​နေ​သေးတယ်"

Jungkook မျက်​မှောင်ကျုက်ကာ...စားလက်စ,ကိုရပ်ပြီး...ဟို​ကောင် Jay က​တော့လုပ်ချလိုက်ပြန်ပြီထင်တယ်။သူထင်တာမမှားဘူးဆိုရင် အဲ့အမျိုးသမီးသည် အမ Min Soyeon ပဲဖြစ်လိမ့်မည်။

Jay ကိုဖုန်းဆင်ပြီးဆဲမည်ကြံ၍ဖုန်း​ကောက်ကိုင်ရမှ ရုတ်တရက်ဖူန်းစိမ်းတလုံးတိုက်ဆိုင်စွာဝင်လာသည်။

"ဟယ်လို......"

"Jeon..."

"ဘယ်သူပါ....လဲ..လဲ...."

ဒီလိုနာမ်စားကို​ခေါ်တာ Min Soyeon ပဲရှိသည်။

"အမပါ...တို့ကိုမမှတ်မိဘူးလား....."

အသံကို​သေချာ​လေးရိပ်စား​တော့မှ....

"အော်...အာ...ဟုတ်...ကဲ့..."

"နိုးပီလားဟင်"

"ဟုတ်ကဲ့"

"ညက တို့ တိုက်လိုက်လို့တအားမူးသွားတာ sorryကွာ"

"ရပါတယ်...ကျွန်​တော်​သောက်​နေကျပါ"

"ဟင်း..ဟင်း...ဟုတ်ပါပြီရှင်...အာ့ဆို ည​နေ​လောက် တို့ Jeon အိမ်ကိုလာလို့ရမလား....."

"အာ......ကိစ္စမရှိရင်လဲမလာပါနဲ့ဗျာ...ကျွန်​တော်လဲသွားစရာ​လေးရှိလို့...ခုလိုဖုန်းဆက်​ပေးတာ​​ကျေးဇူးတင်ပါတယ်"

ညီWhere stories live. Discover now