တော်သေးတာပေါ့။သူအချိန်မှီရောက်လာပေလို့ မဟုတ်ရင်လွဲသွားတော့မှာ။ အရမ်းတွေ့ချင်လို့အရောက်သွားခဲ့တာ၊မနေ့က ဘူးလေးပေးပြီးသူ့ကိုများမှတ်မိလေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့သူအရောက်သွားခဲ့တာ။ ဆိုင်အဝနားမှာလူတယောက်က သူ့ရဲ့ဆိုင်သူလေးလက်ကိုလှမ်းဆွဲနေတာတွေ့လိုက်တော့ရင်တခုလုံး ဗလောင်ဆူသွားအောင် ဖြစ်ရလေပြီ။
ခပ်ကျယ်ကျယ်လှမ်းအော်ခေါ်လိုက်တော့စိုးရိမ်အံသြနေသောအကြည့်တွေနဲ့..။ သူ, သူ့ရဲ့ဆိုင်သူလေးအနားကိုတန်းလာလိုက်ပါတယ်။
..........................................................
Korea ပြန်ရောက်ထဲကမျက်စိကျနေတဲ့ cafe ဆိုင်လေး ။ စာအုပ်ပါဖတ်လို့ရပြီးတွဲထားတာမို့ ဖုန်းထဲမှာတွေ့ခနဲကအရမ်းလာချင်ခဲ့တာ။သူကိုယ်တိုင်ကလဲဒီလိုနေရာမျိုးတွေအရမ်းသဘောကျ တာလေ။
တိုက်ဆိုင်မှုကြီးကလုံးဝဆန်းကြယ်နေသောသူသိပ်ချစ်ခဲ့ရပါသောJi နဲ့မျက်နှာချင်းဆိုင်တိုက်မိလေခြင်း။ မျက်နှာချင်းဆိုင်တွေ့မိတော့ရုတ်တရက်စူးရှရှအကြည့်တွေနဲ့ မျက်နှာလွဲပြီးထွက်သွားမယ့်Ji ရဲ့လက်ကိုလှမ်းဆွဲမိလိုက်တယ်။
တိုက်မိလို့ပြုတ်ကျသွားတဲ့ဘူးလေးထဲကနေသူကိုယ်တိုင် မိုးရွာတိုင်းဆောင်းဖို့ ပေးခဲ့တဲ့ဆိုင်ကထီးအဝါလေး။ဘာကြောင့်သိနေလဲမေးရင်ထီးကအရမ်းကိုစုတ်ပြီးဟောင်းနေပြီးအရိုးတံကလက်ကိုင်ကပြုတ်နေတာ သူ ပေးလိုက်ခနဲကပါ။ဒါကြောင့်သူသိနေတာပါ။အနီးကပ်တွေ့ရတော့သူပေးလိုက်တဲ့ထီးအစစ်မှအစစ်။
သူခုချိန်ထိသိမ်းထားခဲ့တာလား။
အဲ့လောက်တောင်လား။
Ji ကိုယ့်ကိုစိတ်နာခဲ့တာမဟုတ်ဘူးလား။
ထီးတော့သိမ်းထားပြီးကိုယ့်ကိုဘာလို့ရှောင်ရတာလဲ။Min yoongi တယောက်သူ့အတွေးနဲ့သူပါ။
........................................................."ကျွန်တော့်လက်ကိုလွတ်ပေးပါ"
"Jimin hyung ဘာဖြစ်နေတာလဲ"
လက်လွှတ်ဖို့ပြောလာတော့သူအသာတကြည်ပဲလွှတ်ပေးလိုက်ပါတယ်။
ကျသွားတဲ့ထီးလေးကိုကောက်ကိုင်ရင်း.............
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...