Jeon Jungkook တို့ တွန့်တိုမှု level သည် အထွတ်အထိပ် infinity သို့ရောက်နေချေပြီ။
ပျော်ရွှင်စွာနဲ့မွေးနေ့ကို ချစ်ရသူလေးသဘောကျအောင်အတတ်နိုင်ဆုံးပြင်ဆင်ခဲ့ပေမဲ့ စိတ်ကူးတာနှင့်လက်တွေ့သည် သိပ်တော့ထပ်တူမကျခဲ့။အလုပ်ပြန်တွဲလုပ်နေခဲ့တာ သူမသိခဲ့သလို မြတ်နိုးရာလေးသည်လဲသူ့ကိုပြောမပြခဲ့ပါ။
ပြောမပြတာမပြစ်တော့မတင်ပါဘူး...သူကိုယ်တိုင်ကိုကအလုပ်တွေကို စိတ်ဝင်စားခဲ့သူမဟုတ်တော့။ခုတော့အိမ်ထိကို ရောက်ရှိလာခဲ့ပြီ။ သိထားရသလောက်က jimin hyung ကအချစ်ဦးနဲ့ပက်သက်ပြီး စိတ်ဒဏ်ရာတွေရခဲ့တာဆို။ အာ့တာကြောင့်လဲ သူ့အပေါ်ယုံကြည်လာအောင် သူကထားသွားမယ့်သူမဟုတ်ဘူးဆိုတာကို အမြဲကြိုးစားပြီးသက်သေပြခဲ့တာပဲ။
သူ့ကိုသဘောမကျဘူးဆိုရင်တောင် သူ့ရဲ့ပေးဆပ်မှုအတွက်တိကျတဲ့အဖြေတော့ သူမျှော်လင့်မိတယ်။ဘာအဆင့်မှမရောက်သေးတဲ့သူတို့၂ယောက် အနေအထားတခုကိုတော့ရောက်ချင်မိပါသည်။ စိတ်ထဲမှာ ဒေါသရော ဝန်တိုမှုတွေရော လုံးထွေးနေပြီ။
အမြဲတမ်း အစ်ကို့အပေါ် နူးညံ့ခဲ့တာ...အစ်ကိုက ဒါမကြိုက်ပါဘူးဆို မလုပ်ခဲ့ဘူး...နှုတ်ခမ်းလေးတွေကိုနမ်းချင်တာတောင် 'မကြိုက်ဘူး မလုပ်နဲ့' ဆိုတာနဲ့တင် အနမ်းတွေကိုပါးနုနုတွေဆီမှာပဲရပ်တန့်ခဲ့သူ။ ဒီနေ့တော့အစ်ကို့ဟာ ကျွန်တော့် စိတ်တွေကို အများကြီး စိန်ခေါ်လိုက်ပြီ။
"အပေါက်ဝကြီး မှာပဲဒီတိုင်းရပ်မနေကြနဲ့....လာ..လာ..အထဲကို"
"ဟုတ်ကဲ့...."
အကုန်အထဲဝင်ပြီးစားသောက်ဖွယ်ရာများကအပြည့်အလျှံ။
"Wow.....အများကြီးပဲ....Jungkook မင်းတယောက်ထဲလုပ်ထားတာလား....မိုက်တယ်"
"အများကြီးစားကြနော်..သားတို့...လာပြီးပြင်ဆင်ပေးတဲ့ kookie လေးကိုလဲကျေးဇူးပါကွယ်....သားjiminie တခုခု ပြော လိုက်လေ...kookieကို"
အဖေကစကားဆိုလို့ သူ ကောင်လေးမျက်နှာကိုကြည့်လိုက်တော့ ကိုယ် တော်ချော မျက်နှာကရှုတ်မဲ့မဲ့ မိုးမှောင်ကျနေပြီ။ ဘာကြောင့်ဒီမျက်နှာဖြစ်နေလဲ သူသိပါတယ်။ ဘယ်သူရှိဦးမှာလဲYoongi hyung ကြောင့်ပဲပေါ့။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...