Part (2)

2.2K 92 3
                                    

တောင်းဆု






🌼pann





Part (2)






ဘယ်ကိုမောင်းရမယ်မှန်းမသိတော့ ပိုး အိမ်ကိုပဲမောင်းပြန်လိုက်သည်..။

အိမ်ရှေ့စင်ဝင်အောက်မှာ ကားရပ်လိုက်ပြီး ခပ်သွက်သွက်လေးကားထဲကနေဆင်းလိုက်သည်..။

" အမေရေ...အဖေ့....မြတ်မင်းရေ...မြတ်မင်း...."

နောက်ခန်းကားတံခါးဖွင့်ရင်း အိမ်ရှိလူအကုန်ကိုအော်ခေါ်နေလိုက်သည်..။

" မြတ်မင်း....မြတ်မင်း...ကျွတ်..ဒီကောင်လေး ဘာလုပ်နေလဲမသိဘူး..ဟေး...မြတ်မင်း..."

ကိုယ့်အားနဲ့ရသလောက် ဆွဲထုတ်ပေမယ့် ထင်သလောက်နေရာမရွေ့..။

အငယ်ကောင်ကလည်း သွက်လက်ချက်ချာလိုက်တာများ မျက်စိတောင်နောက်ရတယ်..။

သည်လောက်အော်ခေါ်နေတာမကြားဘူးလားတဲ့..။

" အိမ်ကလူတွေရေ.. "

" ကျစ်.. ခက်ပိုး နားညီးတယ်..အဲ့လောက်အာဗြဲကြီးနဲ့ အော်မနေနဲ့..ဘေးပတ်ဝန်းကျင်လည်းအားနာတတ်အုံး..မိန်းကလေးဖြစ်ပြီး.."

အသံကြားလို့ ခေါင်းလှည့်ကြည့်တော့ ကိုယ်တော်လေးက headphone လေးကိုလည်ပင်းမှာချိတ် လက်တစ်ဖက်ကဖုန်းကို ကိုင်ထားပြီး နောက်တစ်ဖက်က ဒူးကျဘောင်းဘီတိုအိပ်ကပ်ထဲလက်ထိုးထည့်ထားတာ..။

ကူညီခိုင်းဖို့ပါဆို ကူညီပေးမယ့်သူရဲ့စတိုင်အနေထားက မျက်ခုံးတွန့်ချင်စရာ..။

" ဒီလောက်ခေါ်နေတာမကြားဘူးလား.."

" ကြားသားပဲ.. "

" ကြားရဲ့သားနဲ့ ဘာလို့မလာတာလဲ.."

" နင်ကရော အိမ်ထဲရောက်မှပြောလို့မရဘူးလား.."

ခွန်းတိုင်းကို ပြန်တုံ့နေတာ..။

" ကျွတ်..တော်..အဲ့ဖုန်းကို အိတ်ကပ်ထဲထည့်ပြီး ဒီကိုအရင်လာအုံး "

" ဘာလဲ.. "

သူက ခြေလေးရွေ့ရုံရွေ့ကာ ခေါင်းကိုစောင်းပြီးလှမ်းကြည့်လုပ်ပြီးမှ..

" အမ်...အမ်..အဟား..ခက်ပိုး.. "

ရယ်ချင်သလို ပြောင်ချင်သလိုမျက်နှာပေးနဲ့ ဖုန်းကိုင်ထားတဲ့လက်နဲ့ပဲ လူကိုလက်ညိုးထိုးလာပြီး ပြောလာပုံက..။

တောင်းဆု (Unicode) Wo Geschichten leben. Entdecke jetzt