Part (14)

943 44 2
                                    

တောင်းဆု





🌼pann




Part (14)





မနက်အစော ထမင်းစားပွဲမှာယောကျ်ားသားတွေလူစုံရောက်နေကြပေမယ့် မိန်းမသားတွေတော့မရောက်လာကြသေး..။

ရောက်မယ့်ရောက်လာကြတော့လည်း အဝတ်စားကောင်းကောင်းနဲ့ ပြင်ပြင်ဆင်ဆင်ဝတ်ထားကြတာ..။

သားမိနှစ်ယောက်လုံး ဗမာဝမ်းဆက် ဝတ်ပြီးသားသားနားနားနဲ့..။

" ဟော..ဒါက ပြင်ပြီးသွားကြပြီပေါ့ "

" ပြီးပြီ.. "

ဦးညွှန့်လှိုင်က စကားစနောက်တော့ ဒေါ်ချစ်ပန်းဝေကလည်း ပြုံးတုံ့တုံ့လေးနဲ့ပြန်ဖြေနေတာ..။

သူတို့သမီးနုဝေခက်ပိုးကတော့ ပြုံးပြီးခုံဆွဲထုတ်ကာ ဝင်ထိုင်နေပြီ..။

ပုံမှန်ဆို နုဝေခက်ပိုးက ခြေမျက်စိထိရှည်တဲ့ဂါဝန်လေးတွေ ဝတ်လေ့ရှိတယ်.. အပြင်တွေထွက်တတ်ရင်လည်း ဂါဝန်ဝတ်တာမျိုး ဘောင်းဘီရှည်ဝတ်တာမျိုး စကတ်တွေဝတ်တာမျိုးလောက်ပဲ..။

ထဘီတွေဝတ်တာမျိုးက ရှားသည်..။

ဒီနေ့တော့ ရှားရှားပါးပါး ဗမာဝမ်းဆက်လေးကိုဝတ်ထားတာ.. ဆံပင်တွေကိုလည်း အဖျားပိုင်းကောက်ပြီး ချထားသေးတော့ ဒီနေ့သူကြည့်ကောင်းနေတယ်ဆိုတာ လက်ခံပါတယ် ။

အမြင်အာရုံထဲ တစ်မျိုးဆန်းပေမယ့် ဒီအခြေနေနဲ့စိမ်းသက်မနေခဲ့ဘူး..။

" ခက်ပိုး.. "

" ဘာလဲ.. "

" ဒီအသက်ရွယ်ကြီးထိရောက်နေပြီ..သူများမင်္ဂလာဆောင်မှာ လိုက်ပတ်စားရတာကို မရှက်ဘူးလား.."

" ငါက ဘာဆိုင်လို့ရှက်ရမှာလဲ..ဒီအသက်ရွယ်ကြီး​ပြောရအောင် ငါကဘယ်အရွယ်ရှိနေလို့လဲ.."

" ခုခေတ်က တွမ်တီဖိုက်ဆိုအပျိုကြီးစာရင်းဝင်နေပြီ..နင်တောင်အပျိုကြီးဖြစ်ဖို့ ဘယ်လောက်မှမလိုတော့ဘူး ..ကိုယ့်ကိုယ်ကိုယ်အသိတရားလေးကပ်ပြီး ဆင်ခြင်သင့်တာဆင်ခြင်တော့.."

" ငါ့များ ကြီးကြီးကျယ်ကျယ်ပြောလို့..နင်နဲ့ငါ နှစ်နှစ်ပဲကွာတာ..နင်လည်း လူပျိုကြီးဖြစ်ဖို့က ငါနဲ့မရှေးမနှောင်းပဲ..အပိုဇာတ်တွေလာမခင်းနဲ့.."

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora