Part (38)

1.3K 81 16
                                    

တောင်းဆု




🌼pann



Part (38)




အမေက ဒီနေ့မှာ တကယ်ကိုအားလုံးကိုလွှတ်ချသွားပြီး တရားဘောင်ထဲအပြီးဝင်သွားပြီ..။

အမေ့ကို ပိုးတရားရိပ်မှာထားခဲ့ပြီး ကိုဟန်နဲ့အတူ ပြန်လာရသည်.. ။

အမေစိတ်ဆင်းရဲမှာစိုးလို့ ကိုဟန်နဲ့ပိုးကြား ဆက်ဆံရေးလေးတင်းမာနေတာကို မပြောထားဘူး..။

မြတ်မင်းအကြောင်းလည်း မပြောထားဘူး.. ။

အားလုံးပိုးရင်ထဲမှာပဲထားတယ်.. ။

ငြိမ်းချမ်းချင်လို့ အရိပ်ရှိရာသွားတဲ့သူကို ပိုးအပူတွေမပေးနေတော့ပါဘူး.. ။

အမေ့ရှေ့မှာ ကိုဟန့်ကိုစကားနည်းနည်းပါးပါး  ပြောဖြစ်ပေမယ့် အိမ်ပြန်လမ်းမှာတော့ ကိုဟန့်ကိုပိုးစကားမ​ပြော..။

တစ်ယောက်ထဲ တိတ်ဆိတ်မှုကိုအဖော်ပြုပြီး ငြိမ်သက်နေခဲ့တာ.. ။

ငြိမ်နေပေမယ့်လည်း ကိုဟန်မောင်းနေတဲ့လမ်းက အမေ့အိမ်ဘက်ကိုမဟုတ်လို့ စကားပြောရပြန်သည်..။

" ဒါက ဘယ်ကိုမောင်းနေတာလဲ.. "

" အိမ်ကို မောင်းနေတာ.. "

" ဒါ အိမ်ပြန်လမ်းမှမဟုတ်ဘဲ.. "

" ဘယ်အိမ်ကိုပြောနေတာလဲ.. "

သိလိုက်ပြီ.. ။

ကိုဟန်က ကိုဟန့်အိမ်ကိုပြန်မောင်းနေတာ.. ။

" အမေ့အိမ်ကိုမောင်း.. "

" အိမ်ပြန်ပါမယ်ဆိုမှ ဘယ်ကိုမောင်းခိုင်းနေတာလဲ.. "

" ပိုး အမေ့အိမ်မှာပဲနေမှာ.. "

" ဘယ်သူမှမရှိတဲ့အိမ်မှာ တစ်ယောက်ထဲ ဘာသွားနေမှာလဲ.. "

တစ်ယောက်မှမရှိအောင်ဖြစ်သွားတဲ့ထိက ဘာကြောင့်လဲ.. ။

ကိုဟန်သာအဲ့ကားမပေးလိုက်ရင် မြတ်မင်းခုလိုဖြစ်မလား.. ။

" တစ်ယောက်မှမရှိလည်း အဲ့မှာပဲ နေမယ်..အဲ့ကိုလိုက်ပို့ပေး "

ကိုဟန်က ဘာမှမပြောဘဲ တိတ်နေပေမယ့် လမ်းကြောင်းပြန်မပြောင်းပေးဘူး.. ။

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora