Part (19)

885 44 3
                                    

တောင်းဆု






🌼pann




Part (19)






ပိုးတို့ဘုရားကနေ အိမ်ကိုမပြန်ဘဲ မိဘမဲ့ကျောင်းကို တိုက်ရိုက်ပဲမောင်းသွားလိုက်သည်...။

ဒီတစ်ခါတော့ ပိုးကားမမောင်းတော့..။

ကိုဟန့်ကိုပဲကားသော့ပေးပြီး သူ့ကိုပဲမောင်းခိုင်းလိုက်သည်..။

အမေတို့က ပိုးတို့ဘုရားပေါ်မှာရှိတဲ့ချိန် ဖုန်းဆက်လာလို့ အကျိုးကြောင်းပြောပြပြီး အမေတို့ကိုလည်း ကိုယ့်အစီစဥ်နဲ့ကိုယ်ပဲသွားဖို့ ပြောထားတာမို့ ခုဆိုအမေတို့လည်းကျောင်းကိုသွားနေလောက်ပြီ..။

" ရှေ့လမ်းဆုံကျရင် ဘယ်ဘက်ကိုပဲကွေ့လိုက်နော်.. "

" အင်.. "

ပိုးက ဘေးမှာထိုင်ပြီး လမ်းပြလည်းလုပ်.. ဒီနေ့အတွက် လိုအပ်တာတွေ ကျောင်းကိုရောက်မရောက် ဖုန်းနဲ့ပဲလှမ်းပြီး မေးရသည်..။

တစ်ချို့တလေတော့ ရောက်နေပြီ.. တစ်ချို့တော့ ခုမှလမ်းမှာပဲ ရှိသေးတယ်တဲ့ ။

အချိန်လည်း တော်တော်နောက်ကျနေတာလည်း မဟုတ်တော့ ပိုးဘာမှစောဒက မတက်ဘဲ ဂရုစိုက်ဖို့ပဲ ပြောကာဖုန်းချလိုက်သည်..။

ကိုဟန့်ဘက်ကိုလှည့်ကြည့်မှ ကိုဟန်ကားမောင်းနေတာလေးကိုပါ ဓာတ်ပုံလေးရိုက်သိမ်းထားချင်လို့ ဖုန်းကိုမြှောက်ကာ ပိုးဓာတ်ပုံရိုက်လိုက်သည်..။

ပိုး ဓာတ်ပုံရိုက်နေတာကို သတိထားမိသွားပြီး ကားမောင်းနေရင်း ပိုးဖုန်းကိုလှမ်းယူလာသည်..။

" ဟင်.. ပိုး ဖုန်းလေ..ဘာလို့လာယူနေတာလဲ "

" ကိုယ့်ပုံကို ဘာလို့ထပ်ရိုက်နေတာလဲ.. "

" ဘယ်လောက်ရိုက်ရသေးလို့လဲ.. "

" ပိုးဖုန်း storage ပြည့်သွားရင် ကိုယ့်အပြစ်မဟုတ်ဘူးနော်.. "

" စိတ်ချပါ.. ကိုဟန် တစ်ယောက်စာထဲနဲ့တော့ storage ပြည့်စရာအကြောင်းမရှိပါဘူး "

ကိုဟန်က ကားမောင်းရင်းနဲ့ ပိုးကိုလှည့်ကြည့်သည်.. ပိုးကလည်း မျက်နှာတည်တည်လေးထားပြီး ပြန်ကြည့်ပေးလိုက်သည် ။

တောင်းဆု (Unicode) Hikayelerin yaşadığı yer. Şimdi keşfedin