Part (10)

1.1K 54 2
                                    

တောင်းဆု






🌼pann




Part (10)





ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ရေချိုးနေရပြီ..။

ဦးညွှန့်လှိုင်က သူ့သမီးနဲ့အတူ dinner လိုက်တက်ပေးပါအုံးတဲ့..။

စိတ်ကမပါပေမယ့် မဖြစ်သာလို့လိုက်ပေးရအုံးမယ်..။

ပြီး စီးပွားရေးနယ်ပယ်က dinner ပွဲလို့လည်း ကြားထားသေးတော့ သိပ်မလိုက်ချင်ဘူး..တော်ကြာတစ်ယောက်ယောက်ကမြင်ပြီး မှတ်မိသွားရင် ကိုယ်ကြိုးစားနေတာတွေက အလဟဿဖြစ်သွားလိမ့်မယ်..။

ဘယ်သူနဲ့မှ မတွေ့ဖို့.. ဘယ်သူကမှသတိမထားမိဖို့ ကိုယ်ကပဲသတိဝီရိယရှိရှိနေရမယ် ။

နေပါအုံး..အသွားပြန်ပဲစိတ်မချရင် ငါကကားထဲမှာပဲ ထိုင်စောင့်နေလည်းဖြစ်တာပဲ ။

ဟုတ်တယ်.. အဲ့ဒါအကောင်းဆုံးပဲ ။

လိုက်သွားပေးဖို့ ကြိုတင်ကာကွယ်ယူဖို့နည်းလမ်းတွေ ခေါင်းထဲအရင်ထည့်ထားလိုက်သည်..။

ပြီးမှ ရုံးသွားရင်ပုံမှန်ဝတ်နေကျအဝတ်တွေပဲ ဝတ်လိုက်သည်..။

" ရပြီ.. ပြီးပြီ "

ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ပြီး အခန်းထဲက ထွက်သွားလိုက်တော့ ဧည့်ခန်းမှာနုဝေခက်ပိုးက ပြင်ဆင်ပြီးလို့ကြိုတောင်စောင့်နေသေးတာ..။

သူက ပြီးတောင်ပြီးနေပြီလား..။

ကိုယ်က သူ့ကို​စောင့်တောင်စောင့်နေရအုံးမယ်မှတ်နေတာ..။

" ကျွန်တော့်ကို စောင့်နေတာလား.. ဆောရီးနော်.."

" မဟုတ်တာ..ပိုးက အစောကြီးကတည်းက ကြိုပြင်ထားလို့လေ.. ကိုမင်းဆက်ဟန် ပြင်ပြီးပြီမလား "

" ဟုတ်ကဲ့... "

" ဒါဆို သွားကြမယ်လေ.. အင့် ပိုးကားသော့ "

ကားသော့လှမ်းပေးလို့ ကျွန်တော်ယူလိုက်သည်..။

" ပိုး အမေတို့ကို သွားနှုတ်ဆက်လိုက်အုံးမယ်.."

ကျွန်တော် ခေါင်းလေးဆတ်ပြလိုက်တော့ သူကအသိမှတ်ပြုသလို ပြုံးပြပြီး ခြေမျက်စိနားထိကျနေတဲ့ dress ကိုပင့်မကာ အနားကထွက်သွားသည်..။

တောင်းဆု (Unicode) Onde histórias criam vida. Descubra agora