Part (23)

1K 57 9
                                    

တောင်းဆု





🌼pann




Part (23)






မနက် ရှစ်နာရီခွဲ.. ။

အ​စောကြီးထလာပြီး ခု PS ကုမ္ပဏီရုံးချုပ်ကြီးရှေ့ကို ရောက်နေပြီ..။

PS ကနေခွဲထွက်တဲ့လုပ်ငန်းတွေ အများကြီးရှိပေမယ့် မင်းဆက်ဟန်ကိုတွေ့ချင်ရင်ဒီထိရောက်လာမှဖြစ်မှာ.. ။

မနေ့ညကတည်းက ကိုယ့်မှာတစ်ရေးမှအိပ်မရသေးဘူး..။

စဥ်းစားတာတွေလည်း စုံနေပြီ..။

အတွေးတွေလည်း ရောက်တတ်ရာရာပေမယ့် ရောက်မိနေတဲ့ဦးတည်ရာက တစ်နေရာထဲရယ်.. မင်းဆက်ဟန်က ခြံကိုရဖို့အတွက်ကိုယ်တွေဆီ ချက်ကျလက်ကျကို အကွက်တွေနဲ့ရောက်ချလာတာလို့.. ။

အတွေးပေါင်းစုံကြောင့် ရွာကိုအဒေါ်ကြောင့်ပြန်တယ်ဆိုတဲ့ မင်းဆက်ဟန်ဆီဖုန်းဆက်တော့ဖုန်းကစက်ပိတ်ထားတယ်..ခေါ်မရဘူး ။

အဆက်သွယ်ဖြတ်သွားတာလား..။

ဘာတွေလုပ်နေတာလဲ..။

တကယ်ပဲ ကိုယ်တွေမိသားစုတွေအလိမ်ခံနေရတာလား.. သူများလာကစားနေတာကို ပျော်ပျော်ကြီး ကစားခံနေမိတာလား ။

ဒေါသက ငယ်ထိပ်ကိုရိုက်နေပြီ..။

ကိုယ်လှည့်စားခံရတယ်ပဲရှိအုံး.. ကိုယ့်ထက်အခြေနေပိုမကောင်းတာက သမီး..။

လက်ထပ်ဖို့လုပ်နေပြီဆိုကာမှ.. ။

ဟာ... ။

ရင်ထဲမှာ တောက်လောင်နေတဲ့အပူမီးကိုလူကိုဟာခနဲနဲ့ ဖြစ်စေပြီ..။

အတွေးပေါင်းစုံနဲအိပ်မရတဲ့အဆုံး သမီးအခန်းဆီသွားပြီး ဟိုဟိုဒီဒီမေးကြည့်ရသည်..။

" သမီး.. "

" ရှင်.. "

" အိပ်ပြီလား.. "

" ဟင့်အင်း.. မအိပ်သေးပါဘူး "

" အဖေ စကားပြောလို့ရလား.. "

" ရပါတယ် အဖေရဲ့.. သားဖချင်းကို ခွင့်တောင်းနေရသေးတယ် "

" အဟွင်း.... "

ပြုံးသာပြုံးပြနေရပေမယ့် ကိုယ့်အပြုံးအသက်မပါတာ ကိုယ်ပဲသိတယ်..။

တောင်းဆု (Unicode) Où les histoires vivent. Découvrez maintenant