Part (24)

1K 65 11
                                    

တောင်းဆု





🌼pann




Part (24)





အဖေ ကားတိုက်လို့ဆိုတဲ့ ဖုန်းရပြီး ပိုးတို့သားအမိ ဝရုန်းသုန်းကားလေး အပြေးသွားရသည်..။

အငယ်ကောင်ကိုလည်း လမ်းမှာဖုန်းဆက်ပြီးလှမ်းခေါ်ရသည်..။

ရင်တွေတုန်ပြီး ပူပန်စိတ်တွေကြောင့် ကားကိုမနည်းသတိထားကပ်ထားပြီး မောင်းနေရသည်..။

လမ်းကြောတွေလည်းမှားနေသလို စင်ဂနယ်ပြထားတာကိုလည်း မေ့ပြီးမဖြုတ်မိဘဲမောင်းနေမိတာ.. တစ်ဖက်လူတွေအော်ဆဲမှ ပိုးမှာပြန်ဖြုတ်ရသည်..။

ကားကလည်း ပုံမှန်နှုန်းနဲ့ပဲ တပြေးညီပြေးနေတာမဟုတ်ပြန်..။

နှေးတော့လည်းနှေးလိုက်တာက ဘီးရွေ့ရုံလေးတင်..။

မြန်တော့လည်း ဘရိတ်ဂီယာမပါတဲ့ကားတစ်စီးလိုပဲ..။

ပိုးကိုယ်တိုင်လည်း စိတ်ကိုထိန်းထိန်းနေရသလို ဘေးမှာထိုင်နေတဲ့အမေကတော့ အိမ်ကထွက်လာကတည်းက ဘုရားစာရွတ်နေတာက အဆက်မပြတ်..။

အမေဘုရားစာရွတ်နေမှန်းတော့ သိပါတယ်.. ဒါပေမယ့်လည်း ကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ အမေဘယ်တရားစာကို ရွတ်နေဆိုနေမှန်းမသိသလို အာရုံထဲလည်းမရောက်နေပါ..။

သာမန် သေးသေးယာဥ်တိုက်မှုလေးဆို ပိုးတို့သားမိတွေ ခုလိုမူမပျက်လောက်ဘူး..။

ဖုန်းထဲမှာတင် တစ်ခါထဲပြောလိုက်တယ်မလား..မြန်​မြန်လာပေးပါ..လူနာကစိုးရိမ်ရတယ်တဲ့..။

သွေးထွက်လည်း လွန်နေပါတယ်တဲ့လေ..။

ဘယ်လောက်တောင်ပြင်းတဲ့ ယာဥ်တိုက်မှုမျိုးဖြစ်ခဲ့လို့လဲ..။

အဖေ ဘာမှမဖြစ်ပါစေနဲ့ ဘုရား..။

အဖေ့ကို ကယ်ပေးပါ ဘုရား..။

အဖေ့ကို ကြည့်ရှုပေးပါဘုရား..။

ကျေးဇူးပြုပြီး.. ။

တစ်လမ်းလုံး ပိုးမှာဘုရားတလာခဲ့ရတာ..။

ဆေးရုံရောက်ရောက်ချင်း ကောင်တာမှာ အဖေ့နာမည်ထုတ်မေးတော့ ညွှန်းလိုက်တာက အရေးပေါ်လူနာဋ္ဌာနဘက်..။

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora