Part (22)

1.2K 60 6
                                    

တောင်းဆု





🌼pann





Part (22)





" ကိုဟန့်.. "

လမ်းရောက်နေပြီကို နောက်ကခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ပိုးကပြေးလိုက်လာနေတာ..။

ပိုးဆီကို ပြန်လှည့်မလျှောက်သွားပေမယ့် နေရာမှာတင် ရပ်စောင့်နေလိုက်သည်..။

" ကိုဟန်.. "

" ဘာလို့ပြေးလိုက်လာတာလဲ.. "

" ကိုဟန်..ရွာပြန်မလို့ဆို "

" အင်.. ဦးလေးတို့ ပြောပြတယ်မလား.. "

" ပြောပြတယ်.. ကိုဟန့်အဒေါ်လိုခင်တဲ့သူ နေမကောင်းလို့ဆို "

" ဟုတ်တယ်.. ကိုယ်သူ့ကိုပြန်သွားတွေ့မလို့ "

" အဲ့ဒါ ပိုးကိုပြောပြတာမဟုတ်ဘူး.. "

" ဦးလေးတို့သိရင် ပိုးလည်းသိမှာပဲလေ.. "

" အဖေတို့သိတာနဲ့ ပိုးသိတာနဲ့ အခြေနေတူမလား.."

" ကွာသေးတာလား.. "

" ကိုဟန်နော်.. "

မကွာဘူးလို့ပဲ သိထားပေမယ့် ပိုးကျေနပ်အောင်အငြင်းခံမလုပ်တော့ဘဲ ပြုံးပဲပြုံးလိုက်သည်..။

" ကိုဟန် ကားဂိတ်သွားမှာမလား.. "

" အင်းလေ.. "

" ပိုးကိုပြောတာမဟုတ်ဘူး.. ပိုးလိုက်ပို့မှာပေါ့..ခဏစောင့်..ပိုးကားသွားယူလိုက်မယ်.."

" နေပါစေ.. ကိုယ် taxi ငှားသွားလည်းဖြစ်တယ်.."

" ပိုးရှိနေတာပဲကို taxi ဘာလို့ငှားနေမှာလဲ ကိုဟန်ရဲ့.. အမေတို့ကလည်း ပိုးကို ကိုဟန့်ကိုလိုက်ပို့ပေးခိုင်းတယ်.. "

" ပိုး ခုလိုတကူးတကကြီးလုပ်နေမှာစိုးလို့ ကိုယ်အစကတည်းက ပိုးကိုမပြောဘဲနေတာ.. "

ဒီလိုပဲ.. စကားတတ်ရတာပေါ့ ။

ပိုးပါလိုက်ပို့ရင် ကားဂိတ်ထိပါမဟုတ်ဘဲ ကားပေါ်တက်ပြီး ကားမောင်းထွက်တဲ့ထိစောင့်ကူပေးမယ်ဆိုရင် ကွိုင်.. ။

ကားပြအုံးဟဲ့ဆိုရင်လည်း တွေ့တဲ့ကားပေါ်ခဏတက်လိုက်လည်း ဖြစ်တယ်..။

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora