တောင်းဆု
🌼pann
Part (7)
ပိုး အင်တာနက်သုံးနေတဲ့ချိန် လင်းဆီကနေ vedio call တစ်ခုဝင်လာလို့ ကိုင်လိုက်သည်..။
" လင်း.. "
ကင်မရာမှာ စစပေါ်လာတော့ သူ့မျက်နှာမမြင်ရဘဲခေါင်းလွှဲထားလို့ ပိုးရောက်နေကြောင်းသိရအောင်လို့ အသိပေးလိုက်သည်..။
ခေါ်မှ လူကိုလှည့်ကြည့်လာသည်..။
" အင် ဘာလုပ်နေလဲ.. "
" ငါလား... ဒီတိုင်းထိုင်နေတာ နင်ရော.. "
" ခဏ break ချိန်လေ..အဲ့ဒါကြောင့် ဒီမှာကော်ဖီလာသောက်နေတာ "
လင်းက သူသောက်နေကြောင်း ကော်ဖီခွက်ပါပိုးမြင်သာအောင် မြှောက်ပြသည်..။
သူ့အလုပ်မှာ တော်တော်အဆင်ပြေနေတဲ့ပုံပဲ..။
" အဆင်ပြေတယ်မလား.. "
" ပြေတယ်.. မပြေစရာ ဘာရှိမှာလဲ "
" ကောင်းပါတယ်.. "
" အင်.. နင်တို့အိမ်ကလူတွေရော နေကောင်းကြလား"
" အကုန်ဒေါင်ဒေါင်မြည်တယ်.."
" အေးပါ..ဂရုစိုက်ကြပေါ့..အထွေထူးမရှိဘူးမလား"
" ဟင်.. အထွေထူး "
" အေး.. "
" ပြောရမယ်ဆိုရင်တော့ ရှိတော့ရှိနေတယ်.. "
" ရှိတော့ရှိနေတယ် လာလုပ်နေသေးတယ်..ရှိရင်လည်း ပြောပြ..ငါလည်းသိရအောင်လို့ "
" အဟီး.. ပြောပြဆိုတော့လည်း ပြောပြရမှာပေါ့"
" ဘာလဲ..အဲ့ရုပ်က "
" အဟွင်း..ပြောမယ်နော်..နင်ထွက်သွားပြီး ငါ တစ်ယောက်ထဲ ပန်းချီသွားဆွဲပြီးပြန်လာတဲ့နေ့က နည်းနည်းမိုးချုပ်တယ်..အိမ်မရောက်ခင် ဆိတ်ဖူးလမ်းမှာ လူတစ်ယောက်လဲနေတာ ငါတွေ့ခဲ့တာနဲ့ငါလည်း သူ့ကိုအိမ်ခေါ်သွားတာ "
" ဟမ်.. နင့်ဟာက ဟုတ်ရောဟုတ်ရဲ့လား "
" အော်..အတည်ပါဆို..သူကခေါင်းကိုထိထားလို့ ဆရာမဒေါ်ဖြူလှကိုခေါ်ပြီး ကြည့်ခိုင်းတော့ ခေါင်းကိုပြန်ချုပ်ရတာ လေးချက်.."
ВЫ ЧИТАЕТЕ
တောင်းဆု (Unicode)
Любовные романы" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...