Part (36)

1.6K 100 9
                                    

တောင်းဆု





🌼pann




Part (36)




" တိတ်တိတ်ပုန်း ယူထားတယ်ပြောရအောင် ကိုယ်မင်းကိုဘယ်လိုထားထားလို့လဲ ပိုး... မင်းနဲ့တွေ့ဖို့ကို ကိုယ်ပုန်းလျှိုးကွယ်လျှိုးနဲ့ လာနေရလား.. ကိုယ်နဲ့တွေ့ရဖို့အရေး ပတ်ဝန်းကျင်ကိုမင်းသတိထားနေရလား.. ဂရုစိုက်နေရလား.. မင်းကို လူမမြင်ကွယ်ရာမှာပဲ ထားထားနေလား.. "

" ဟုတ်တယ်..  "

" ဘာ "

" ဘာလို့ အော်နေတာလဲ.. ပိုးပြောတာဘာမှားလို့လဲ.. ကိုဟန့်ရဲ့ဇနီးတစ်ယောက်လို့ တစ်ခါတလေပိုးခံစားလို့မရဘူး.. တစ်ခါတလေ ပိုးကအိမ်ထောင်သည်တစ်ယောက်ပါလားလို့တောင် သတိမရဘူး.. ကိုယ့်ကိုယ်ကိုယ်အပျိုလေး တစ်ယောက်..တစ်ကိုယ်တည်းလေးလို့ပဲ တွေးနေမိတာ..အဲ့လိုတွေးမိနေတာက မှားနေတာမဟုတ်ဘူးလား.. တကယ်ဆိုပိုးဘက်ကအဲ့လိုတွေမျိုး မရှိသင့်ဘူးလေ.. ဖြစ်လည်းမဖြစ်သင့်ဘူး.. ပိုးပြောတာ မဟုတ်ဘူးလား .. ပိုးမှာကာမပိုင်ယောကျ်ားရှိနေရဲ့နဲ့တောင် ပိုးရဲ့ကိုယ်ပိုင်ယောကျ်ား..ပိုးနဲ့အပြည့်ဝဆိုင်တဲ့ ယောကျ်ားလို့ ပိုးဘက်ကမတွေးမိနေဘူးဆိုတာက.. ပိုးကတိတ်တိတ်ပုန်းမယား.. မယားငယ်.. ဆိုတာတွေနဲ့ ဘာကွာသေးလို့လဲကိုဟန်.."

" ပိုး.. မင်းကိုယ်မင်း ဘာတွေနဲ့နှိုင်းနေတာလဲဆိုတာမင်းသိလား.. ကိုယ့်ကိုယ်ကိုယ် ဘာတွေပြောနေလို့ပြောနေမှန်းရောသိလား.. စကားတွေကဘယ်ကိုရောက်နေမှန်းရော သိရဲ့လား.. ခုလိုစကားတွေကြောင့် မင်းကိုယ်မင်းသိက္ခာထိခိုက်နေသလို ကိုယ့်ဘက်လည်းသိက္ခာကိုထိခိုက်တယ်ကွ..နားလည်လား.. မင်းက တိတ်တိတ်ပုန်းမယားလည်းမဟုတ်သလို မယားငယ်လည်းမဟုတ်ဘူး..မင်းက ကိုယ့်တရားဝင်ဇနီးတစ်ယောက်.. မင်းနောက်မှာကိုယ်မွှာပွေနေတာလည်း မရှိဘူး.. ကိုယ့်ကိုယ်ကျင့်သိက္ခာတရားကို အသက်ထက်ပိုတန်ဖိုးထားတယ်.. မင်းဆက်ဟန် ဆိုတဲ့ကိုယ့်နာမည်မှာဘာမင်ကြောင်းရာ အစွန်းထင်းမှကိုအတင်မခံတဲ့ကောင်က ကိုယ်ပါ.. မင်းက ကိုယ့်ကိုမင်းယောကျ်ားလို့ မထင်နေတာက ဟိုဟာကြောင့်လား.. ပိုးက အဲ့ဒါလုပ်မှ(ကုတင်ပေါ်ကကိစ္စ) အိမ်ထောင်သည်ဘဝလို့ တွေးမှာလား..ဟုတ်လား..ဟမ်.. "

တောင်းဆု (Unicode) Opowieści tętniące życiem. Odkryj je teraz