တောင်းဆု
🌼pann
Part (28)
ဒီမနက်လည်း ကိုဟန်ဘယ်အချိန်ထသွားမှန်း မသိလိုက်ပြန်ဘူး..။
ပိုးလည်း နောက်ကျနေမှ အိပ်ယာထတာမဟုတ်ပါဘူး..။
ပိုးနိုးပြီဆို ကိုဟန့်အရိပ်ရောင်ကို မတွေ့ရတော့တာ..။
ပိုး မနက်စာစားရင်းနဲ့ ကိုဟန့်ဆီဖုန်းလှမ်းဆက်လိုက်သည်..။
တန်းမကိုင်သေး..။
ပိုး ထပ်ခေါ်လည်းမကိုင်ပြန်..။
လေးကြိမ်မြှောက်မှပဲ ဖုန်းကိုင်တော့တယ်.. ။
" ဟယ်လို ကိုဟန်.. "
" ဪ.. မမလေး ခဏဗျ.. သူဋ္ဌေးဆီ ဖုန်းပေးလိုက်ပါ့မယ် "
" ဟုတ်ကဲ့.. "
ဖုန်းတောင် အနားမှာမထားထားဘူးလား ကိုဟန်က..။
" အင် ပိုး.. "
" ကိုဟန် အလုပ်များနေတာလား.. "
" ပိုးဆို ပြောလို့ရပါတယ်.. "
ပိုး အောက်နှုတ်ခမ်းကို အပေါ်သွားလေးနဲ့ ဖွဖွကိုက်လိုက်မိသည်..။
ဘယ်လောက်အလုပ်ရှုပ်ရှုပ် ပိုးတစ်ယောက်အတွက်ဆို သူအချိန်ပေးနိုင်တယ်လို့ပြောတာမလား..။
အဲ့လိုဆိုတော့လည်း ကိုဟန်က ပိုးကို အရေးထားပါတယ်..။
" ပြောလေ ပိုး.. ဘာပြောမို့လဲ.. ဘာလိုချင်တာရှိလို့လဲ.. "
" ပိုးက ဘာလိုချင်တာရှိရမှာလဲ.. "
" မသိဘူးလေ.. ခုလိုဖုန်းဆက်တော့ တစ်ခုခုပူဆာစရာများ ရှိလို့လားလို့ "
" ပိုးကို အိမ်မှာကျန်ခဲ့တဲ့ ကလေးအရွယ်များမှတ်နေလား.. "
" အဟွင်း..မဟုတ်ဘူးလား "
" အင် မဟုတ်ဘူး..ဒီက ယောကျ်ားတောင်ရနေပြီ.."
" အဟက်.. "
" ဘာရယ်တာလဲ.. "
" သဘောကျလို့ပါ.. "
" ဟွင့်.. ကိုဟန် ဘယ်ချိန်က အလုပ်သွားလိုက်တာလဲ "
" ခွန်နာရီမထိုးခင် ကိုယ်ထွက်လာတာ.. ဘာဖြစ်လို့လဲ "
" ပိုး နိုးတဲ့ချိန်ထိ မစောင့်လို့ လှမ်းပြီးဆူမလို့လေ.."
YOU ARE READING
တောင်းဆု (Unicode)
Romance" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...