တောင်းဆု
🌼pann
Part (16)
မျက်နှာလေးပေါ် အလင်းရောင်ပျပျလေးက လိုက်ကာကိုဖြတ်ပြီး ပိုးရဲ့မျက်နှာပေါ်အလင်းလာဟပ်တော့ ပိုးအရင်ဆုံးကိုယ်ကိုလှည့်ကာ ပက်လှပ်လှန်လိုက်သည်..။
" အင်......... "
အိပ်နေရင်းနဲ့ လူးလိမ့်ကာလက်ဆန့်ခြေဆန့်လိုက်သည်..။
မျက်လုံးမဖွင့်ရသေးခင် ခေါင်းထဲအတွေးရောက်လာတာက မနေ့ညကအကြောင်း..။
" အိ..ဟိ.."
ကိုယ်ပေါ်မှာရှိတဲ့စောင်ကို ဆွဲပြီးမျက်နှာတစ်ဝက်ပိုင်းလောက်ထိ အုပ်ကာပြုံးမိသည်..။
ပိုးနဲ့သူ ချစ်သူဖြစ်သွားပြီ..။
ပိုး.. ပိုးချစ်သူရသွားပြီ ဟိဟိ..။
" ဟွင်းဟွင်း... "
ပိုးစောင်နဲ့ထွေးပြီး ကုတင်မှာလှိမ့်မိပြန်သည်..။
ဒီအသက်ရွယ်ထိ ပိုးချစ်သူမထားဖူးခဲ့သေးဘူး..ပိုးကိုချစ်ကြတဲ့သူတွေရှိခဲ့ပေမယ့် ပိုးဘက်ကဘာမှမခံစားခဲ့ရတော့ တစ်ယောက်ကိုမှပိုးမရွေးချယ်ခဲ့ဘူး..။
ခုက ဒီတစ်သက်မှာပိုးသိပ်ချစ်ရတဲ့သူကိုတွေ့ပြီး ချစ်သူထားဖူးတာ.. ဒါ ပထမဆုံးပဲ..နောက်ပြီးဒါနောက်ဆုံးပဲဆိုတာလည်း ပိုးစိတ်ကိုပိုးသိတယ်..ပိုး သူကလွဲပြီး ဘယ်သူ့ကိုမှ သူ့အပေါ်ရင်ခုန်ပြီး ချစ်ပေးနိုင်မှာမဟုတ်တော့ဘူး..။
အဲ့လောက်ထိ ပိုးဘက်ကသေချာနေသည်..။
" အဟွင်း.... "
စောင်ပုံထဲမှာကိုယ်လေးမြုပ်ကာ သွားတန်းလေးတွေပေါ်တဲ့ထိ ပြုံးရယ်မိပြန်သည်..။
ချစ်သူရပြီဆို ပိုးလိုခံစားရလား..ခုလိုပဲ ပျော်ရတတ်တာလား ။
ငါ့မှာချစ်သူရှိနေပြီဆိုတဲ့အတွေးလေးနဲ့တင် ဒီလောက်ထိ ကြည်နူးပျော်ရွှင်မှုပေးနိုင်တာလား..ဟုတ်လား ။
ကုတင်အပြည့်ဘယ်ညာလူးလိမ့်ပြီး အတွေးထဲထပ်ဝင်လာပြန်တာ..။
" ဒီနေ့ သူနဲ့ငါဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ.."
ပိုး လှဲနေရာကနေ ထထိုင်လိုက်သည်..။
أنت تقرأ
တောင်းဆု (Unicode)
عاطفية" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...