Part (12)

931 47 4
                                    

တောင်းဆု





🌼pann




Part (12)





ကျွန်တော် ရုံးအပြန်လမ်းမှာ သီဟနဲ့အလုပ်အကြောင်း ဆွေးနွေးပြောဆိုရင်းပြန်လာတော့ အိမ်ကိုပြန်ရောက်တဲ့အချိန်က သာမန်ပြန်ရောက်နေကျအချိန်ထက် နောက်ကျနေတာ..။

အိမ်ပြန်နောက်ကျလို့ မေးလာခဲ့ရင်လည်း တုန်လှုပ်စရာအကြောင်းမရှိဘူး.. လမ်းမှာစီးလာတဲ့ကားက ပျက်နေလို့ကြာနေတာလို့ပြောလိုက်ရင် ဒီကိစ္စကပြီးပြီ..။

သူတို့ကဒီကောင့်ပေါ်ဆို သိပ်ပြီးသံသယမများတတ်တော့ ဘယ်အကြောင်းပြချက်ပြပြ ဘာကိုပဲဆင်ခြေပြပြီး ပြောပြော ယုံနေကြတာပဲ..။

ယုံတမ်းစကားပြောပြရမှာက သိပ်မခက်ခဲ..။

" ပြန်လာပြီလား.. ဒီနေ့နောက်ကျလိုက်တာ "

အိမ်ထဲဝင်ရုံရှိသေးတယ်.. ထင်တဲ့အတိုင်း ဒေါ်ချစ်ပန်းဝေက မေးခွန်းမေးလာပြီ ။

ဒါပေမယ့် ကျွန်တော်ခံစားသိနေပါတယ်..။

သူမေးတဲ့အမေးက အပြစ်တင်နေတာမျိုးလည်းမဟုတ်သလို အထက်စီးကနေအပြစ်ရှာနေတဲ့လေသံမျိုးလည်း မဟုတ်ဘူး..။

သူစိတ်ပူနေတဲ့လေသံမျိုးနဲ့ မေးနေတယ်ဆိုတာကို ကျွန်တော်သိပါတယ်..။

" ဟုတ်ကဲ့.. စီးလာတဲ့ကားက လမ်းမှာပျက်နေလို့နောက်ကျနေတာ "

" မသိပါဘူး.. လမ်းမှာများ တစ်ခုခုများဖြစ်နေသလားဆိုပြီး စိုးရိမ်နေတာ "

" မဖြစ်ပါဘူးဗျ.. "

" ပြန်ရောက်ပြီဆို ရပါပြီ.. သွား..ခြေလက်သွားဆေးလိုက်အုံး.. ပြီးရင် ထမင်းအတူစားကြတာပေါ့"

" ဟုတ်ကဲ့.. "

ခေါင်းညိတ်ပြကာ အခန်းဆီသွားလိုက်သည်..။

ဒေါ်ချစ်ပန်းဝေကလွဲရင် ကျန်တဲ့သူတွေမတွေ့မိဘူး..။

ဒါပေမယ့် သူတို့အခန်းမှာပဲရှိနေလောက်တယ်..။

ဒီအိမ်ကလူတွေက ညဆိုတော်တန်ရုံလောက်နဲ့အပြင်မှာရှိမနေတတ်ကြဘူး.. ညနေလူစုံပြီဆို ခြံတံခါးသော့ခတ်ပဲ ။

တောင်းဆု (Unicode) Où les histoires vivent. Découvrez maintenant