တောင်းဆု
🌼pann
Final...
အကျဥ်းထောင်ကျနေရာကနေ နေမကောင်းဟုအကြောင်းပြပြီး ဆေးခန်းသွားဖို့လိုကြောင်း ခွင့်ပြုချက်ယူကာ ထောင်ကားနှင့်အပြင်ထွက်စဥ် လမ်းမှာထွက်ပြေးသွားသော ဦးအေးလွင် အသက်၅၅အရွယ် ကို ရဲများက အင်အားသုံးပြီးလိုက်ရှာနေတဲ့ သတင်းနဲ့ တခြားကျန်သောအထူးသတင်းများကို တင်ဆက်ဖို့ရှိပါတယ်ရှင်..။
" တခြားလိုင်း ပြောင်းလိုက်.. "
" ဟုတ်ကဲ့ ဆရာ.. "
" သင်္ဘော ချိတ်ထားပြီးပြီလား.. "
" သဘက်ခါ မနက်ခြောက်နာရီ နဲ့ချိတ်ထားတယ်သူဋ္ဌေး.. "
" သဘက်ခါလား.. မနက်ဖြန် မရဘူးလား "
" မနက်ဖြန် မရသေးလို့ ဆရာ.. "
" ထားတော့.. သဘက်ခါ မနက်ထိပုန်းနိုင်ရင် ရတာပဲ "
" ဟုတ်ကဲ့.. "
ကားက လမ်းထောင့်တစ်နေရာကနေရပ်ထားရင်း လမ်းမကြီးကနေဖြတ်မောင်းသွားတဲ့ ကားကိုတွေ့လိုက်တော့..
" ဖြတ်မောင်းတာ မင်းဆက်ဟန်ကားမဟုတ်ဘူးလား.."
" ဟုတ်မယ် သူဋ္ဌေး.. "
" အစာမကြေတာ ရှင်းရအောင် လိုက်မောင်းလိုက်.. "
" ဟုတ်ကဲ့ ဆရာ.. "
ကားက လိုက်ရင်းလိုက်ရင်းနဲ့ တဖြေးဖြေး မြို့ထဲကနေထွက်လာပြီ.. ဒါလည်း ကားကမရပ်ဘဲဆက်တိုက်မောင်းသွားနေတာ ။
" အဲ့ကောင် ဘယ်သွားနေတာလဲ.. "
" ကျွန်တော်လည်း မပြောတတ်ဘူး ဆရာ.. မြို့ထဲကတော့ထွက်လာပြီ.. ဆက်လိုက်အုံးမလား ဆရာ.. "
VOUS LISEZ
တောင်းဆု (Unicode)
Roman d'amour" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...