Part (29)

1.1K 73 7
                                    

တောင်းဆု






🌼pann





Part (29)





" သူဋ္ဌေး.. "

" အင်.. "

" ဟို... "

စကားပြောရမလို မပြောရမလို တွေးနေရသေးတယ်..။

" ဟိုလေ.. "

တစ်ဟိုဟိုနဲ့ ပြောနေတဲ့သီဟကြောင့် လက်ထဲကစာချုပ်ကြမ်းကို ကြည့်နေရင်းကနေ မျက်လုံးလှန်ကြည့်လိုက်သည်..။

" ဘာလဲ.. ပြောလေ "

" အဲ့ဒါက.. "

" ထစ်ထစ်ငေါ့ငေါ့နဲ့ ကောင်းကောင်းပြော.. မပြောရင်လည်း သွားတော့ "

မပြောရင်လည်း မပြီးဘူး..။

ပြောမှ ပြီးမှာ..။

" ကျွန်တော်ပြောမှာပါ သူဋ္ဌေး.. "

" ဒါဆိုလည်း ပြောလေ.. "

" ကျွန်တော်တို့ ခြံကို ဘယ်လိုလုပ်မှာလဲသူဋ္ဌေး.."

" ခြံ.. "

" ဟုတ်ကဲ့.. မမလေးရဲ့ခြံလေ "

ဟုတ်သား.. ။

ခြံကိစ္စကို ခုတလောမတွေးမိနေဘူးဖြစ်သွားတယ်..။

" ဆောက်လုပ်ရေးတွေ ဘယ်လိုလဲ.."

" ခုထိတော့ အဆင်ပြေနေပါသေးတယ်သူဋ္ဌေး.."

" မင်း သွားကြည့်ဖြစ်သေးလား.. "

" ရှေ့ရက်တွေတော့ ဖုန်းဆက်လှမ်းခေါ်လို့ ရောက်ဖြစ်သေးတယ်သူဋ္ဌေး.. "

" ဖုန်းဆက်ခေါ်တယ်.. ဘာလို့ဖုန်းဆက်တာလဲ"

" ဆိုဒ်မှာ ငြမ်းပေါ်ကနေ ပြုတ်ကျလို့သူဋ္ဌေး.. "

" ဒါဘာလို့ ငါ့ကိုမပြောတာလဲ.. "

" သူဋ္ဌေးလည်း မအားတာနဲ့.. ပြီးတော့ ကိစ္စကအရမ်းလည်းမကြီးလို့ပါ သူဋ္ဌေး.. "

" မင်းသေချာဖြေရှင်းလိုက်လား.. "

" ဟုတ်ကဲ့.. "

" ဘယ်နှယောက်ထိသွားတာလဲ.. "

" တစ်ယောက်ထဲပါ သူဋ္ဌေး.. "

" ဘယ်ထိခိုက်သွားလဲ.. "

" ခြေထောက်နဲ့ ထောက်ပြီးကျတာမို့ ညာဘက်ခြေထောက်က အရိုးအက်သွားတယ်.. ဒါပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး.. အမြင့်ကြီးကနေ ကျတာမဟုတ်တော့ သုံးပတ်လောက်နားရင်သက်သာမယ်လို့ ဆရာဝန်ကပြောတယ်.. ဒါပေမယ့် ကျွန်တော်က တစ်လလောက်နားဖို့အတွက် ပြောခဲ့တယ်သူဋ္ဌေး.. "

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora