Part (32)

1.1K 78 7
                                    

တောင်းဆု





🌼pann





Part (32)





ပိုး အမေ့အိမ်ကပြန်လာပြီးကတည်းက ခြံထဲမှာထိုင်ပြီး ပိုးနဲ့ကိုဟန့်ရဲ့အိမ်ကို ထိုင်ကြည့်နေမိတာ..။

ပိုးအိမ်ထောင်ကျရင် ပိုးရဲ့ခြံမှာ ပိုးတို့နှစ်ယောက်အတွက် ပိုးတို့မိသားစုအတွက် နေချင်စဖွယ်လေးပြင်ဆင်ပြီးနေမယ်ပေါ့.. ။

အိမ်လေးကို ချစ်စဖွယ်ပုံစံလေးဆောက်မယ်.. အခန်းတိုင်းရဲ့ ဒက်ကရေးရှင်းပိုင်းလည်း သေချာဂရုစိုက်မယ်..။

ပန်းဥယျာဥ်ကျယ်ကြီးလည်းရှိမယ်.. ။

ကလေးတွေရှိလာရင်လည်း ကလေးတွေအတွက်ကစားကွင်းငယ်လေးလည်း လုပ်ပေးထားမယ်..။

သားအဖတွေရေကစားဖို့လည်း ရေကူးကန်လေးလည်း ဆောက်ထားပေးမယ်.. ။

ခြံအကျယ်ကြီးမို့ သစ်ပင်အစီရီစိုက်ပြီး လမ်းလေးလည်းဖော်ထားမယ်.. မနက်ဆို အပြေးလေ့ကျင့်ရေးလုပ်ပြီး ညနေဆိုအတူလမ်းလျှောက်ကြမယ် ။

အနီးမှာ တောင်ကုန်းလေးလည်းရှိတော့ လမ်းဖောက်ပြီး နေဝင်နေထွက်ဆည်းဆာသွားကြည့်မယ်..။

ပိုးရဲ့စိတ်ကူးတွေက အတော်ကွန့်မြူးထားပြီးပြီ..။

ဒါပေမယ့် ဘာတွေဘယ်လောက်ထိပိုးဘက်ကတွေးထားတွေးထား စိတ်ကူးထားစိတ်ကူးထား.. ပိုးလက်လွှတ်လိုက်ဖို့အချိန်ရောက်ပြီ ။

ကိုဟန့်ရဲ့အိပ်မက်ကိုပဲ ပိုးရှေ့တန်းတင်ပေးခိုင်းလိုက်တော့မယ်..။

ပိုးကတော့ ပိုးရဲ့အိပ်မက်ကို ခုဒီခြံထဲမှာပဲအကောင်ထည်ဖော်တော့မယ်.. ။

တကယ်ဆို ကိုဟန့်ရဲ့အိမ်.. အဲ.. ဟုတ်သေးပါဘူးလေ.. ပိုးတို့နှစ်ယောက်အိမ်ကလည်း တော်တော်ကြီးပြီး ကျယ်ဝန်းပါတယ် ။

ကိုဟန်တစ်ယောက်ထဲ နေလို့သာ ခြံဝန်းက အရောင်တစ်ပြေးညီဖြစ်နေတာ.. ။

ပြောရရင် အရောင်မှိုင်းမှိုင်းကြီးဖြစ်နေတာ..။

ဆောက်ထားတဲ့အိမ်ဒီဇိုင်းကလည်း ကာတွန်းကားထဲပါနေကျနန်းတော်လို အဆောက်ဦးမျိုး..ခမ်းနားပါတယ် ထည်ဝါပါတယ် ကြီးကျယ်ခံ့ညားပါတယ် ။

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora