တောင်းဆု
🌼pann
Part (34)
ပိုး ပန်းချီဆွဲလိုက်.. ကိုဟန်နဲ့ပိုးရဲ့ hotel ဘက်ကို ကားမောင်းပြီး အခြေနေသွားကြည့်ကြည့်လိုက်.. အမေ့ဆီသွားလည်နေလိုက်နဲ့ ပိုးရဲ့အချိန်တွေကို ဒါတွေနဲ့ပဲ ဖြတ်သန်းနေလိုက်သည်.. ။
နေ့စဥ် ဒီလိုနီးပါးပဲမို့ ပိုးကိုယ်ပိုး အိမ်ထောင်သည်တစ်ယောက် ဆိုတာကိုတောင်မေ့နေတတ်တယ်..။
ကိုဟန်နဲ့အတူ ရှိနေရလည်း ပိုးတို့ကြား လင်မယားတွေနဲ့မတူအောင် နီးနီးကပ်ကပ်ရှိနေကြတာမဟုတ်ဘူး.. ။
ဘယ်သူထင်မှာလဲ.. ဒါချစ်သူတွေအဆင့်ကနေ လက်ထပ်လိုက်ကြတဲ့သူတွေလို့ ။
နှစ်ယောက်လုံးသဘောကျ ချစ်ခဲ့ကြပြီးမှ အိမ်ထောင်သည်ဘဝကိုအတူရောက်လာပေမယ့် ပိုးတို့ကြားမှာထင်သလောက်ကြီး နီးကပ်မှုမရှိနေဘူး.. ။
မရှိဘူးဆိုတာကလည်း ကိုဟန်ကအမြဲ အလုပ်အလုပ် ဆိုတာချည်းပဲလုပ်နေတာလေ..။
ပိုးလည်း အလုပ်အဲ့လောက်ကြီးထိ မလုပ်ဖို့ပြောပါသေးတယ်.. ပြောလည်းငပြောလောက်ပဲရှိတာ..။
မပြောကောင်းမဆိုကောင်းပေါ့လေ.. ။
ကိုဟန်က အရင်ဘဝအလုပ်ဂျိုးကပ်ပြီးများသေခဲ့လို့ ဒီဘဝလည်းဒီလိုပဲ ဖြစ်နေတာလားတောင်မသိဘူး.. ။
ကိုဟန်က အလုပ်ချည်းအလုပ်လုပ်တာက ကိစ္စမရှိပေမယ့် ပိုးအတွက်တော့ပျင်းဖို့သိပ်ကောင်းလွန်းနေတယ်.. ။
ကိုယ့်အတွက် အချိန်များများမပေးနိုင်တဲ့ယောကျ်ားကိုမှ သူအိမ်ပြန်လာတဲ့ချိန် ပိုးကအိမ်မှာဆီးကြိုစောင့်နေတတ်တယ်.. ။
အပြင်ရောက်နေရင်တောင် အချိန်မှီအရောက်ပြန်သွားတတ်တယ်.. ။
ထမင်းစားပွဲဝိုင်းကို အတင်းခေါ်ပြီးစားခိုင်းရင်တောင် သူ့မှာဖုန်းပြောရင်ပြောနေရမှ.. Meeting ထိုင်နေရင်ထိုင်နေမှ.. Email စစ်စရာရှိတယ် Email ပို့စရာရှိတယ်နဲ့ laptop တစ်လုံးကစားပွဲဝိုင်းမှာပါနေရမှ.. အဲ့ဒါမဟုတ်ရင်လည်း စာချုပ်စာတမ်းတွေကိုဖတ်နေရမှ အလုပ်ဖိုင်တွဲတွေကိုကြည့်နေရမှ.. ဆိုတာမျိုးတွေကို တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်လုပ်နေတဲ့ယောကျ်ားရဲ့ ထမင်းပန်းကန်ထဲကို ဟင်းခပ်ခပ်ပြီးထည့်ပေးမိတတ်တာက ထမင်းဖြူစေ့တောင်အုပ်ကွယ်ဖုံးသွားတဲ့ထိ..ဒီလို ထည့်ထည့်ပေးနေမိတတ်တာက ဒီနုဝေခက်ပိုးရဲ့ မပြောင်းလဲသေးတဲ့ရိုးရာ..။
YOU ARE READING
တောင်းဆု (Unicode)
Romance" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...