Part (6)

1.3K 64 3
                                    

တောင်းဆု





🌼pann




Part (6)






" တောက်.... တောက်.... တောက်.. "

လက်ချောင်းထိပ်တွေနဲ့ စားပွဲခုံပေါ်မှာတင်ခေါက်ကာ ​ဦးညွှန့်လှိုင်တို့အိမ် ပြန်သွားရကောင်း ပြန်မသွားရကောင်း တွေးနေမိသည်..။

" ဒေါက်.. ဒေါက် "

" ဝင်ခဲ့ "

" သူဋ္ဌေး.. "

သီဟ ရုံးခန်းထဲဝင်လာပြီဆိုတော့ တစ်ခုခုတော့သိလာရပြီနေမယ်..။

" စုံစမ်းလာခဲ့ပြီလား.. "

" ဟုတ်ကဲ့.. "

" ပြောပါအုံး.."

" အသက်က ၂၄..Art and culture ကနေပြီးတော့ painting နဲ့ဘွဲ့ရထားပြီးပြီ..Painting ပိုင်းနဲ့ပတ်သက်ပြီးတော့ ဇောက်ချပြီးမလုပ်ပေမယ့် ရံဖန်ရံခါပုံဆွဲပြီး ပြခန်းမှာတင်ရောင်းတတ်တယ်..ရောင်းတဲ့ပန်းချီတွေလည်း အကုန်ရောင်းရတယ်ကြားတယ်..လောလောလတ်လတ်တော့ ပန်းချီနဲ့ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှမကြားရသေးဘူး..ပြီးတော့သူက သူ့အဖေဦးညွှန့်လှိုင်ရဲ့ကုမ္ပဏီမှာ သူကိုယ်တိုင် Marketing ဆင်းပေးတတ်တာမျိုးတွေ..promotion ချပေးတဲ့အခါမျိုးမှာလည်း သူကိုယ်တိုင်ပါတတ်တယ်..နောက်ပြီး ပစ္စည်းအတွက် modelling လုပ်တယ်တဲ့ဗျ..ဒါကသူ့တစ်ကိုယ်ရည် လှုပ်ရှားမှု..တခြားကိစ္စတွေကတော့ သူငယ်ချင်းတစ်ယောက်ရှိပေမယ့်လည်း ရှေ့လပိုင်းကတင်ပဲ စင်္ကာပူကိုထွက်သွားတယ်..သူ့အကြောင်းပတ်သက်ပြီး ဒါပါပဲ.. သူကဘဝကိုအေးဆေးပဲဖြတ်သန်းပုံရတယ်..အထူးတလည်လိုချင်တာမျိုးတွေ မရှိဘူး.."

" လိုချင်တာမရှိရင်တောင် လိုအပ်နေတာမျိုးတွေရှိမှာပေါ့.. အဲ့လိုဟာမျိုးတွေရော မရှိဘူးလား.."

" ဟုတ်ကဲ့.. "

ဘယ်လို မိန်းကလေးပါလိမ့်..။

တကယ် ဘာမှကိုလိုချင်တာမရှိဘူးလား..။

လူတိုင်းလူတိုင်းမှာတော့ စိတ်ထဲမှာအမြဲတစ်ခုမဟုတ်တစ်ခုကတော့ လိုအပ်နေတတ်တာပဲ..လိုချင်နေတတ်ကြတာပဲ ။

ပါးစပ်ကဖွင့်ဟထုတ်မပြောတာတော့ ရှိကောင်းရှိနိုင်ပါအုံးမယ်..။

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora