Part (8)

1.1K 53 3
                                    

တောင်းဆု





🌼pann




Part (8)






ယိုးဒယားစားသောက်ဆိုင်ဘက်ကို သုံးယောက်လုံးရောက်သွားသည်..။

" ကိုမင်းဆက်ဟန်.. ပိုးဝယ်ကျွေးမှာမို့ စားချင်တာသာမှာစားနော် "

" မဟုတ်တာ..ရပါတယ် "

' ကိုယ့်ဘာသာဝယ်စားပါ့မယ်..မိန်းမတစ်ယောက်ဝယ်ကျွေးတာကို အသာလက်ခံစားလိုက်ရမှာမျိုးကို မကြိုက်ဘူး.. ' လို့ ပြောလိုက်ချင်ပေမယ့် မပြောသင့်သေးတဲ့စည်းရှိနေသေးတော့ ပြောမယ့်စကားကိုရပ်လိုက်တာ ။

" ဘာရတာလဲ.. မှာသာမှာ ရတယ် "

" ခက်ပိုး.. ငါကတော့ ကြိုက်သလောက်မှာမှာနော်"

" စားချင်တာသာစား.. "

" အိုခေ.. "

" ကိုမင်းဆက်ဟန် ဒီမှာမီနူးကဒ်.. "

ယူလိုက်ရင် သူဝယ်ကျွေးတာကိုလက်ခံလိုက်တယ်လို့များ တွေးဆနေမှာလည်းစိုးတယ်..။

" အင့်..ယူလေ "

ထပ်ပြီး ကမ်းပေးပြန်တော့ သူ့မျက်လုံးတွေကိုကျွန်တော်ကြည့်လိုက်သည်..။

ဘာအရိပ်ရောင်မှမရှိ..။

ပကတိ အရှင်းကြီးဖြစ်နေသည်..။

" ယူပါ.. "

ကိုယ့်ရှေ့ထိကို တိုးကမ်းပေးနေတာမို့ မကောင်းတဲ့အဆုံး ယူလိုက်သည်.. ။

" မှာနော်.. အဟွန်း "

ကျွန်တော့်ကို ညင်သာတဲ့အပြုံးလေးနဲ့လည်း ပြုံးပြသေးတာ..။

ကျွန်တော် သူ့အပြုံးကိုလျစ်လျူရှုကာ မီနူးကဒ်ကိုသာ တစ်မျက်နှာချင်းလှန်ကြည့်နေလိုက်သည်..။

ယိုးဒယားစာ တစ်ယောက်တစ်မျိုးစီမှာလိုက်သည်.. တစ်ယောက်တစ်မျိုးစီက ကျွန်တော်နဲ့နုဝေခက်ပိုးသာ ။

မြတ်မင်းလှိုင်က သူကြိုက်တာ နှစ်မျိုးသုံးမျိုးတစ်ပြိုင်နက် မှာလိုက်တာ..။

မှာထားတာတွေ ရောက်လာတော့လည်း အတူစားနေကြရင်း မြတ်မင်းလှိုင်ဆီ ဖုန်းဝင်လာသည်..။

တောင်းဆု (Unicode) Tahanan ng mga kuwento. Tumuklas ngayon