Part (18)

934 50 2
                                    

တောင်းဆု





pann




Part (18)





ဖိနပ်ချစီးရင်း လက်ကနာရီကိုကြည့်လိုက်သည်..။

နည်းနည်းနောက်ကျနေပေမယ့် ရုံးကိုအမှီရောက်အောင် သွားနိုင်ပါသေးတယ်..။

ဖိနပ်စီးပြီး ဖိုင်တွဲတွေကိုလက်ပြောင်းကိုင်ကာ ကားဆီသွားတဲ့ချိန် နောက်ကနေပြေးလာတဲ့အသံနဲ့အတူ ကျွန်တော့်လက်ကိုပါ ဆွဲကိုင်ပြီး ဦးတည်ရာပါ ပြောင်းခံလိုက်ရသည်..။

" ပိုး.. ဘာလုပ်တာလဲ "

အထဲမှာ ဒေါ်ချစ်ပန်းဝေကြားမှာစိုးလို့ အသံခပ်ကြိတ်ကြိတ်နဲ့ တိုးတိုးလေးပြောရသည်..။

" တက်.. "

ပိုးက သူ့ကားတံခါးသူဖွင့်ပြီး ကိုယ့်ကိုယ်ပါတက်ခိုင်းနေတာ..။

" ပိုး ကိုယ့်မှာအချိန်မရှိဘူး.. အလုပ်သွားရမှာ "

နာရီကိုထောင်ပြပြီးပြောကာ လှည့်ထွက်လိုက်ပေမယ့်လည်း ကိုယ့်လက်ကိုပြန်ဆွဲထားလို့ သွားမရသေး..။

" ဒီနေ့တစ်ရက် နားရက်ပေးပါတယ်တဲ့.. "

" ဟမ်.. ဘယ်သူကလဲ ဘယ်သူ့ကိုလဲ "

" လာပါ.. သွားရင်းနဲ့ ပိုးပြောပြပါမယ် "

" ဘယ်သွားကြမှာလဲ.. ကိုယ် ခွင့်မယူထားဘူး ဒီနေ့.."

" တက်ပါဆို...တက်.. "

ကျောကိုနောက်ကနေလာတွန်းပြီး ကားထဲဝင်ထိုင်ခိုင်းနေတဲ့ ပိုး..။

" ပိုး ကိုယ်... "

ပိုးက ကားတံခါးကိုညင်ညင်သာသာလေး ပြန်ပိတ်ပေးခဲ့ပြီး ကားမောင်းသူနေရာမှာ ဝင်ထိုင်နေပြီ..။

" ပိုး.. "

" ခါးပတ် ပတ်လေ... ဒါတွေ ကိုင်ထားမနေနဲ့.."

ကိုယ့်လက်ထဲကဖိုင်တွဲတွေက ပိုးကပဲယူသွားပြီး နောက်ဘက်ထိုင်ခုံပေါ် လှမ်းတင်လိုက်သေးသည်..။

" ပိုး စမောင်းတော့မှာ..ခါးပတ်.."

ခါးပတ်ကြိုးကို မျက်စနဲ့အချက်ပြနေတော့ သူ့စကားအတိုင်း ခါးပတ်ကြိုးဆွဲကာ ကိုယ်မှာသိုင်းထားလိုက်သည်..။

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora