Part (3)

2K 78 2
                                    

တောင်းဆု






🌼pann





Part (3)






" ကျစ်... "

အပေါ့ကတော်တော်သွားချင်နေပြီ..။

မျက်လုံးကကြည့်ရတာ အားလုံးကရိပ်တိပ်တိပ်နဲ့ဝိုးတဝါး..။

အမြင်အာရုံမကြည်တိုင်း ဆက်လှဲနေလို့ကလည်းမဖြစ်..။

ဟိုတစ်ယောက်လည်း ဘယ်ရောက်သွားမှန်းမသိတော့ ကိုယ်ကိုယ်တိုင်ပဲကြိုးစားထနေရသည်..။

ခေါင်းကိုထိန်းကိုင်ပြီး အခန်းတွင်းကြည့်တော့ သန့်စင်ခန်းတွေပါ တွဲပါနေတာမဟုတ်တော့ ရှာရအုံးမယ်ထင်ပါတယ်..။

ကျွတ်..ခေါင်းကမူးနေပါတယ်ဆိုမှ ။

မူးနေတဲ့ခေါင်းကို ထိန်းကိုင်ထားရင်းနဲ့ ဘေးကအမှီတွေကိုစမ်းကိုင်ကာ ကျွန်တော်အခန်းထဲကနေထွက်ဖို့ ဖြေးဖြေးချင်း လျှောက်သွားလိုက်သည်..။

" ခက်ပိုး... ခက်ပိုး "

အပြေးတစ်ပိုင်းပြေးဝင်လာပြီး ဆူညံဆူညံအော်နေလို့ ပိုးနောက်ဖေးကနေအပြေးလေးထွက်သွားရသည်..။

" အငယ်ကောင်.. ဘာတွေဇွတ်အော်နေတာလဲ..တိုးတိုး.."

" ဘယ်မလဲ ဟိုတစ်ယောက်..နင်ဘာဖြစ်သွားသေးလဲ..သူဘာတွေလုပ်လဲ..ဟင်.."

" ဪ..အဟီး..လူနာတစ်ယောက်က ငါ့ကိုဘာလုပ်နိုင်မှာလဲ..အဟွင်း..နင်ပြန်လာအောင်သက်သက်ခေါ်လိုက်တာ.."

" ဘာ..ခက်ပိုး..နင်.. "

" အဟီး.. "

" ပြောင်ချော်ချော်လာလုပ်နေတယ်..ဆွဲထိုးပစ်လိုက်မယ်.."

" အဟွင်း..နင်ကလည်း "

အခန်းပြင်ရောက်တော့ သူတို့မောင်နှမနှစ်ယောက်ကြား ဝင်လို့အဆင်မပြေသေးလို့ နံရံကိုထိန်းကိုင်ပြီး ရပ်စောင့်နေရသည်..။

ဒါကိုပဲ ကောင်လေးတစ်ယောက်ကသတိထားမိသွားသည်နေမယ်..။

ကျွန်တော့်ကိုလှည့်ကြည့်နေတာ..။

" ဪ.. နိုးနေပြီလား "

" ဟင်.. "

အဲ့ကျမှနှစ်ယောက်သား လှည့်ကြည့်လာကာ..

တောင်းဆု (Unicode) Tempat cerita menjadi hidup. Temukan sekarang