တောင်းဆု
🌼pann
Part (17)
ပိုး ကားမောင်းရင်း ရင်တွေခုန်ပြီးစိတ်လှုပ်ရှားနေမိတာ.. ကားမောင်းရလို့ လန့်နေတာတော့မဟုတ်ပါဘူး.. ဒီနေ့ ရုံးပိတ်ရက်နေ့ဆိုတော့ ညကတည်းက ကိုဟန့်ဆီမက်ဆေ့ချ်ပို့ပြီး ချိန်းတွေ့ဖို့ပြောထားတာ ။
အမြဲတွေ့နေရတယ်ဆိုပေမယ့်လည်း ချစ်သူတွေဖြစ်ပြီး ပထမဆုံးချိန်းတွေ့ရမှာဆိုတော့ ရင်ခုန်နေတာ..။
အိမ်ကိုလည်း အသိမပေးထားတော့ ခိုးကြောင်ခိုးဝှက်လေးနဲ့ ချိန်းတွေ့ရတာမို့ ပိုလို့စိတ်လှုပ်ရှားဖို့ကောင်းနေတာ..။
ကိုဟန်ကတော့ သူ့ကားနဲ့အရင်ထွက်သွားနှင့်ပြီ..။
ပိုးကသာ ခုမှအိမ်ကထွက်လာနိုင်တာ..။
သူအချိန်အကြာကြီးစောင့်နေရမှာစိုးလို့ မြန်မြန်လေးလုပ်ခဲ့ရတာ..။
ပိုးအခန်းထဲကို ဒီနေ့ဘယ်သူမှတက်မသွားပါစေနဲ့.. ဝင်သွားရင် ပိုးအခန်းရှုပ်ပွနေတာကိုမြင်ပြီး ပိုးတစ်ယောက်ထဲကိုပဲ ပြောရင်ဘာမှမဖြစ်ပေမယ့် သူ့ရှေ့မှာပြောမှာစိုးတာ ။
ပိုး မောင်းလာရင်းနဲ့ လမ်းဘေးတစ်နေရာမှာ ကိုဟန့်ကားရပ်ထားတာ တွေ့လိုက်သည်..။
" အဟွင်း.. "
သူ့ကားလေးမြင်တော့ ပိုးပြုံးလိုက်ပြီး သူ့ကားဘေးယှဥ်ရပ်ချိန် သူကဖုန်းပြောနေတာ..။
သူဖုန်းပြောနေလို့ ပိုးသူ့ကိုငြိမ်ပြီးစောင့်ပေမယ့် သူကပိုးကားဘက်လှည့်ကြည့်လာပြီး ဖုန်းကိုချလိုက်သည်..။
" ရတယ် ဆက်ပြောလေ.. ပိုး စောင့်မယ် "
" ပြီးပြီ.. ဘယ်သွားချင်တာလဲ "
" ပိုး သွားချင်တဲ့နေရာတိုင်း လိုက်ပို့မှာလား.. "
" အဟက်.. "
" ဘာရယ်တာလဲ.. "
" တစ်ယောက်ကားတစ်စီးစီနဲ့ကို လိုက်ပို့တယ်လို့ပြောလို့ရသေးလား.. "
" အဟီး.. ဟုတ်တယ်နော် "
ကားချင်းယှဥ်ရပ်ပြီး ကားထဲမှာပဲထိုင်ကာ စကားတွေပြောရင်း ရယ်ဖြစ်သည်..။
ESTÁS LEYENDO
တောင်းဆု (Unicode)
Romance" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...