Part (26)

1.1K 64 8
                                    

တောင်းဆု





🌼pann




Part (26)





" ဒါ ကျွန်တော့်ရဲ့ရှေ့နေ.. ကျွန်တော့်ဘက်မှာ လူကြီးမိဘတွေ မရှိတော့ဘူး.. ခုလို မင်္ဂလာစကားလာပြောတဲ့ချိန်မှာ ကျွန်တော်ပဲချည်းလာတာက ယဥ်ကျေးရာမကျမှာစိုးလို့ ကျွန်တော့်အတွက် လူကြီးနေရာကနေ လိုက်ပေးဖို့အတွက် ခွင့်တောင်းပြီးခေါ်လာတာပါ.. "

" ဪ.. ဟုတ်ကဲ့ "

အမေက ရှေ့နေဆိုတဲ့ဦးလေးကို ခေါင်းလေးညိတ်ပြရင်း နှုတ်ဆက်သလို တစ်ဖက်ကလည်းပြန်ပြုံးပြရင်း ခေါင်းဆတ်ပြသည်..။

" ဘယ်နေ့ လာတင်တောင်းရမယ်ဆိုတာနဲ့ တင်တောင်းကြေးကိုလည်း အားမနာဘဲ ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်.. လိုအပ်တာတွေရှိနေသေးရင်လည်း ပြောပါခင်ဗျ.. ကျွန်တော်ကဒီလိုမင်္ဂလာကိစ္စမှာ အတွေ့ကြုံရော ကြားဖူးနားဝလည်းမရှိတာကြောင့် ဘယ်လိုလုပ်ရမယ်.. ဘယ်လိုဓလေ့တွေရှိတယ်ဆိုတာ မသိဘူးဗျ..ခုကျွန်တော်လုပ်နေတာ မှားတာလွဲတာများရှိရင် ခုကတည်းက တစ်ခါထဲတောင်းပန်ပါတယ်.. ပြင်ပေးစရာရှိရင်လည်း ကျွန်တော့်ကိုတန်းပြင်ပေးနိုင်ပါတယ်.. "

" တင်တောင်းမယ့်ရက်ကတော့ ရက်ကိုသေချာကြည့်ပြီးမှ ပြောရမှာဆိုတော့ ဘယ်နေ့ကောင်းတယ်ဆိုတာ ပြန်ပြောပြပေးမယ်လေ.. "

" ဟုတ်ကဲ့.. "

" တင်တောင်းကြေးကိုတော့... "

အမေက ပိုးလက်လေးကို ဆုပ်ထွေးကိုင်လာသည်..။

" တင်တောင်းချင်သလောက်နဲ့ တင်တောင်းလို့ရပါတယ်.. အန်တီကြေးမပြောချင်ဘူး.. အန်တီကသမီးကို တန်ဖိုးထားတဲ့သူ သင့်တော်တဲ့သူနဲ့ပဲအိမ်ထောင်ချပေးချင်ရုံပဲ.. အန်တီ့သမီးကိုကြေးစကားပြောပြီး အရောင်းဝယ်လုပ်တာမျိုးမလုပ်ချင်ဘူး.. အဓိကက သမီးကို ချစ်မြတ်နိုးပြီး တန်ဖိုးထားပေးတယ်ဆိုရင်ပဲ ရပါပြီ.."

ပိုးအတွက် အမေထားတဲ့မေတ္တာတံခါးဝလေးကို ပိုးလှမ်းမြင်ရတော့ ရင်ထဲမှာဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ကာ မျက်ရည်လေးပါဝဲလာမိသည်..။

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora