Part (13)

950 54 7
                                    

တောင်းဆု






🌼pann





Part (13)






ရုံးအားလပ်ရက်မို့ ဒီနေ့ကုမ္ပဏီကိုသွားဖို့မလို..။

ရုံးမသွားရတော့ အခန်းတွင်းထဲကနေစောစောမထွက်ဘဲ laptop တစ်လုံးနဲ့ hotel ဆောက်ဖို့လိုအပ်တာတွေ ကြည့်နေလိုက်သည်..။

ဒီကြားထဲ သီဟလှမ်းပို့ထားတဲ့ email တွေလည်း ပြန်စစ်ဆေးနေတာ..။

မနက်ပိုင်း ကိုယ်လုပ်စရာရှိတာလေးတွေ လုပ်နေပြီး အခန်းပြင်ထွက်ခဲ့လိုက်သည်..။

အခန်းပြင်ရောက်တာနဲ့..

" မြတ်မင်း..ဒါနင်စားပစ်တာလား "

" ဘာလဲ.. ဘာတွေလာပြောနေတာလဲ "

" နင် ပါးစပ်ဟစမ်း.. "

" မဟဘူး.. "

နုဝေခက်ပိုးရဲ့စကားသံတွေက ကျယ်ပြီးရှင်းလင်းပေမယ့် မြတ်မင်းလှိုင်ရဲ့အသံကျ လုံးထွေးပြီး စကားလုံးတွေကမပီသနေ..။

" ဟ...ဟ.. "

" ကျွီ.. "

ခုံရွေ့သံတွေပါ ကြားနေရပြီ..။

" မြတ်မင်း.. "

" ဟာ..တိုးတိုး.. မိန်းကလေးဖြစ်ပြီး အာကျယ်လိုက်တာ "

" အံမာ.. နင်ကပဲပြောရတာရှိသေး.. ငါ့ကိုအော်အောင်ဘယ်သူလုပ်တာလဲ "

" ဘယ်သူလဲ..ဘယ်ကောင်လုပ်တာလဲ "

ထမင်းစားခန်းလောက်မှာ အသံတွေကြားနေရတော့ ကျွန်တော်ထမင်းစားခန်းဘက်ကို အသာလေးသွားလိုက်သည်..။

ကျွန်တော်ထမင်းစားခန်းထိပ်နားမှာရပ်ပြီး လှမ်းကြည့်တော့ မောင်နှမနှစ်ယောက်ထဲ စားပွဲဝိုင်းကြီးကို ပတ်လျှောက်နေကြတာ..။

ကျန်တဲ့သူတော့ မတွေ့မိသေး..။

" မသိချင်ယောင်ဆောင်ပြမနေနဲ့.. ငါ့ကိတ် နင်စားသွားတာမလား.."

" ဘာကိတ်လဲ.. ဘယ်ကကိတ်လဲ "

စကားတွေ စက္ကန့်မလပ်ပြောနေသလို နှစ်ယောက်သား စားပွဲကြီးကိုအလယ်ထားပြီး သူတစ်ဖက်ငါတစ်ဖက်နဲ့ ပတ်လျှောက်နေကြတာ..။

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora