Part (5)

1.4K 70 1
                                    

တောင်းဆု






🌼pann





Part (5)





မနက်တော့ ကျွန်တော်အစောကြီးနိုးနေပြီ..။

ကိုယ့်အိမ်မှာလည်း ဒီလိုချိန်တွေထနေကျ..အစောထပြီး အလုပ်လုပ်နေပြီ ။

ခုတော့အစောသာထရပေမယ့် လက်ထဲမှာအလုပ်နဲ့ပတ်သက်တာဆို ဘာဆိုဘာတစ်ခုမှမပါလာဘူး..လှမ်းဖုန်းဆက်ညွှန်ကြားရအောင်လည်း ကိုယ့်ဖုန်းကလုခံထားရတော့ ဘာမှကိုဆက်လုပ်လို့မရဘဲဖြစ်နေတာ ။

အလုပ်လုပ်စရာမရှိလို့ ကုတင်မှာဆက်လှဲလျောင်းပြီး အနားမယူနိုင်..ပျင်းတယ် ။

နိုးနေမယ့်အတူတူ အိပ်ယာကနေပဲထလိုက်သည်..။

ကျွန်တော်နေရတဲ့အခန်းမှာ ရေချိုးခန်းတစ်ခန်းတော့ပါပါရဲ့..အိမ်သာသက်သက်တစ်ခန်းမပါ။

ဟိုတစ်နေ့ရောက်တုန်းက အိမ်သာသွားဖူးတာမို့ နေရာတော့သိပါတယ်..မှောင်ရိပ်ကျနေတော့ သွားလာဖို့က နည်းနည်းစမ်းတမ်းရမ်းသမ်းလျှောက်နေရသည် ။

မီးဖွင့်ဖို့ကလည်း သူများအိမ်မို့ဖွင့်သင့်မဖွင့်သင့် ချင့်ချိန်နေရသေးတယ်..ကိုယ့်အိမ်မှာသာဆို ကိုယ့်ဘာသာဘာလုပ်လုပ် စိတ်တိုင်းကျလုပ်ခွင့်နေခွင့်ရသေးတယ်..။

ကိုယ့်အိမ်အကောင်းကြီးကိုပစ်ပြီး ဒီမှာလာနေဖြစ်တဲ့ကိုယ့်ကိုယ်ကိုယ်လည်း အိပ်မက်လားလက်တွေ့လား မခွဲနိုင်သေး..။

" ကျစ်.. "

ကိုယ့်အကြောင်းကိုယ်ပြန်တွေးမိပြီး တီးတိုးလေးကျစ်သပ်လိုက်သည်..။

ဖြေးဖြေးချင်းသွားရင် အိမ်သာရောက်တော့အခန်းတံခါးဖွင့်ဝင်ကာ မီးဖွင့်လိုက်သည်..။

" ဟူး.. "

စိတ်မောလို့ လေပြင်းပြင်းမှုတ်ထုတ်လိုက်သည်..။

ကိုယ်လုပ်စရာရှိတာ လုပ်ခဲ့ပြီး လက်ဆေးထွက်ခဲ့တော့ အိမ်ကမီးတွေလင်းနေပြီ..။

" ဟင်.. "

ငါ မဖွင့်ထားခဲ့မိပါဘူး..။

နောက်ဖေးမှာ ရေသံ အိုးလှပ်သံတွေကြားနေရလို့ ဖြေးဖြေးချင်း ကျွန်တော်လျှောက်သွားကြည့်လိုက်သည်..။

တောင်းဆု (Unicode) Où les histoires vivent. Découvrez maintenant