Part (21)

935 49 1
                                    

တောင်းဆု





🌼pann




Part (21)





ချိန်းတဲ့ဆိုင်ထဲဝင်တာနဲ့ အရင်ဆုံးမျက်လုံးကစားပြီး ဦးညွှန့်လှိုင်ကို ရှာရသည်..။

ချောင်ကျကျလည်း မဟုတ် လူမြင်ကွင်းနေရာလည်းမဟုတ်တဲ့ စားပွဲဝိုင်းမှာ ထိုင်နေတာတွေ့လိုက်တော့ တုံ့ဆိုင်းမနေဘဲအနားကိုသွားလိုက်သည်..။

" ဦးလေး.. "

" လာ.. ထိုင်.. "

" ဟုတ်ကဲ့.. "

မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်..။

" ဘာစားမလဲ.. အရင်မှာလေ "

" တော်ပြီဗျ.. အိမ်မှာလည်းစားလာခဲ့တော့ မဆာတော့ဘူး "

" အေး.. ဦးလေးလည်းမဆာတော့ဘူး..မဆာပေမယ့် ဒီမှာကော်ဖီတစ်ခွက်မှာထားတာ..မင်းလည်းမဆာပေမယ့် ကော်ဖီတစ်ခွက်တော့သောက်ပေါ့..ဟေ့..ရွှတ်..ရွှတ်.. "

ကိုယ့်အတွက် မှာနေပေးတော့ အတင်းကြီးငြင်းဖို့မကောင်းတာနဲ့ ငြိမ်နေလိုက်သည်..။

" ကျွန်တော့်ကိုပြောစရာရှိလို့လားဗျ.. "

" ဟေ.. အေး "

ဦးညွှန့်လှိုင်က ပြောဖို့ကိုအချိန်ယူနေပုံရတယ်..။

" ပြောစရာရှိရင် ပြောလို့ရပါတယ်ဗျ.. "

" ပြောဖို့ကို ခေါ်တာဆိုတော့ပြောတော့ပြောမှာပါကွာ.. ဘယ်ကစပြောရမလဲဆိုတာ အရင်စဥ်းစားနေလို့.."

" ဟုတ်ကဲ့.. "

ဒီလောက်ဆို အလုပ်ကိစ္စမဖြစ်နိုင်တော့ဘူး..။

ပိုးပြောတဲ့ ကိုယ်တွေနှစ်ယောက်အကြောင်းပဲဖြစ်ဖို့များနေပြီ..။

အကြောင်းရာသိနေပေမယ့် ဘာပြောလာအုံးမလဲဆိုတာကို စောင့်ဆိုင်းပေးနေလိုက်သည်..။

" အဟမ်း.. တည့်တည့်ပဲမေးတော့မယ် ရတယ်မလား.."

" ဟုတ်ကဲ့..မေးပါ "

" ဦးသမီးနဲ့မင်းနဲ့ တွဲနေကြတယ်ဆို.. "

မေးခွန်းတိုက်ရိုက်ကြီးမေးတာမျိုး မဟုတ်ပေမယ့် အသံအနေထားက သိချင်တာကို အတည်ပြုဖို့လုပ်နေတဲ့ ပုံစံ..။

တောင်းဆု (Unicode) Tempat cerita menjadi hidup. Temukan sekarang