Part (1)

8.8K 156 4
                                    

တောင်းဆု





🌼pann




Part (1)






ခြံဝန်းတံခါးကြီးကနေ မောင်းလာလိုက်ကာ ရေပန်းအဝိုင်းပတ်လေးကို ပတ်မောင်းလာပြီး ကားကိုဖြေးဖြေးအရှိန်သတ်ရင်း အိမ်မကြီးရှေ့မှာ ရပ်လိုက်သည်..။

ကားထဲကထွက်ကာ လှေကားထစ်တွေတစ်ထစ်ချင်းကို နင်းတက်ပြီး အိမ်ထဲဝင်လိုက်သည်..။

နောက် အိမ်အတွင်းက လှေကားတွေကိုဖြတ်နင်းတက်ကာ အပေါ်ထပ်ထိတက်သွားလိုက်သည်..။

အပေါ်ထပ်ရောက်တော့ ညာဘက်ကိုကွေ့လိုက်ပြီး ထောင့်ဆုံးအခန်းဆီသွားလိုက်သည်..။

" ဒေါက်.. ဒေါက် "

" ဝင်ခဲ့.. "

သည်အသံကြားမှသာ ရဲရဲဝင်ရဲသည်..။

အခန်းထဲဝင်သွားကာ လက်နှစ်ဖက်ယှက်ထားပြီး မတ်မတ်ရပ်ထားရင်း..

" သူဋ္ဌေး.. "

" အင်..ပြော "

ပြောလို့သာဆိုပေမယ့် မျက်လုံးအစုံက ရှေ့က tablet က Share graph ကိုသာ အာရုံစိုက်နေတာ..။

သူ့အာရုံက tablet မှန်ပြင်ထက်ကမြှားတွေဆီမှာသာရှိတယ်ဆိုပြီး ကိုယ်ပြောစရာရှိတာကို ဆိုင်းငံ့ထားနေစရာမလို..။

နားအာရုံက သက်သက်စွံ့ထားသေးတာမို့ ကိုယ်ပြောရမယ့်ကိစ္စကို ပြောလို့ရသည်..မပြောဘဲနေရင်တောင် သူဋ္ဌေးကကြိုက်တာမဟုတ်မှန်းလည်း ကြိုသိနေတာကြောင့်လည်း ပါပါတယ် ။

" မြေကွက်ဝယ်ဖို့က တခြားမြေကွက်အကုန်ရပေမယ့် တစ်ကွက်ကိုတော့ဝယ်မရသေးဘူးဖြစ်နေတယ် သူဋ္ဌေး.."

" ဘယ်မြေကွက်ကျန်နေသေးတာလဲ.. "

လက်ထဲကိုင်ထားတဲ့ မြေပုံ graph ကို စားပွဲခုံပေါ်အသာဖြန့်တင်ကာ လက်ညိုးထောက်ပြလျက်..

" ဒီတစ်ကွက်ပဲ ကျန်နေသေးတာ သူဋ္ဌေး.. "

ထိုအခါမှ tablet ကိုဘေးပို့ကာ မြေပုံကိုဆွဲယူပြီး စူးစူးစိုက်စိုက်ကြည့်တော့သည်..။

" သူက center ကျနေတဲ့မြေကွက်မလား.. "

" ဟုတ်ပါတယ် သူဋ္ဌေး.. "

တောင်းဆု (Unicode) Onde histórias criam vida. Descubra agora