တောင်းဆု
🌼pann
Part (33)
ခုရက်ပိုင်း အလုပ်များနေကျကိုဟန်က ပိုလို့တောင်အလုပ်ရှုပ်လာသေးတယ် ထင်ပါတယ်..။
ဟိုတစ်ခါ အိမ်ပြန်နောက်ကျရမလားဆိုပြီး ပိုးငိုလို့အဲ့နောက်ပိုင်း အိမ်တော့စောပြန်လာပါရဲ့.. ပိုးနဲ့အတူ ငါးမိနစ်ဆယ်မိနစ်တောင်သူအချိန်မပေးနိုင်ပါဘူး.. ။
အလုပ်ကနေအိမ်အထိကို အလုပ်တွေသယ်လာတာက တစ်ပုံတစ်ပင်ကြီးထင်ပါတယ်..။
အလုပ်ထဲမှာပဲ သူနှစ်နေတာက တစ်ရက်နှစ်ရက်မဟုတ်တော့ဘူး.. ။
ပိုးက ကိုဟန့်ကိုနားစေချင်နေတာ.. ။
သူခုလိုထိ အပတ်တကုပ်ကြိုးစားရှာဖို့ထိ မလိုအပ်ဘူးလေ.. ။
ပိုး ငွေဂုဏ်မောက်နေတာမဟုတ်ပါဘူး.. ။
ငွေတွေကဖြင့် ထားစရာနေရာမရှိလောက်အောင် ပေါများနေပြီပဲဟာ.. ကိုဟန် ငွေမှငွေ အလုပ်မှအလုပ်ဆိုပြီး လိုက်နေစရာမလိုတဲ့ အခြေနေကြီးမှာ ပိုး ကိုဟန့်ကို စိတ်ရောလူပါ နည်းနည်းလောက်ဖြစ်ဖြစ် နားနားနေနေ နေစေချင်ရုံလေးပါ..။
ပိုး ဘယ်လောက်ပဲ နားစေချင်ချင် ကိုဟန်ကတော့ သူ့မှာဇနီးရှိနေတယ်ဆိုတာတောင်မေ့လောက်အောင် အလုပ်မှအလုပ်ပဲ.. ။
တစ်ခါတစ်လေ ပိုးက ငွေရောအလုပ်တွေကိုတောင် သဝန်တိုပြီးအားကျနေရတယ်..။
ဘယ်လူသားတစ်ယောက်ကိုမှ ပိုးမနာလိုပြီးသဝန်တိုတာမျိုး မဖြစ်ရပါဘဲနဲ့.. အဲ့ဒီ့အရာတွေကိုမှ ပိုးက.. ။
ပြောရင်လည်း ပိုးအဆိုးဖြစ်အုံးမယ်.. ။
တကယ်ဆိုပိုးဒီလိုဖြစ်ရတာကလည်း ကိုဟန်ကပဲလုပ်နေရတာပဲကို.. ။
" ဟင်း..... "
ထမင်းစားပွဲဝိုင်းအရှည်ကြီးမှာ ပိုးချလိုက်တဲ့သက်ပြင်းကြီးက တစ်ခန်းလုံးကြားနိုင်တဲ့ထိကျယ်ပါတယ်.. ။
ဒီလောက်ရှည်လျားပြီး ခံ့ထည်နေတဲ့ စားပွဲကြီးမှာ ပိုးအစားကောင်းကောင်းမစားနိုင်နေဘူး..။
VOUS LISEZ
တောင်းဆု (Unicode)
Roman d'amour" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...