တောင်းဆု
🌼pann
Part (31)
Action!
မျက်ခုံးဆက်တွေ ထိတဲ့ထိ တွန့်ချိုးထားလိုက်တယ်..။
မျက်နှာက အရည်ပြားတွေကို တတ်နိုင်သလောက်ထိ တင်းထားသေးတယ်..။
မျက်လုံးတွေလည်း အားကုန်ခမ်းနေတဲ့အရောင်ကာလာကို တင်ဆိုးထားလိုက်ပြီ..။
ခံစားချက်တွေကိုလည်း အမြင့်ဆုံးထိတွန်းတင်ပို့လိုက်ပြီ..။
လူတစ်ကိုယ်လုံးလည်း တုပ်တုပ်မှမလှုပ်ဘဲ ထိုင်နေတာ..။
နှုတ်ခမ်းတွေကိုလည်း တင်းတင်းစေ့ပိတ်ထားတယ်..။
ဒါဆို ပီသလောက်ပြီလား.. ။
ကိုယ့် acting ပိုင်းက cut လို့အော်စရာတောင်မလိုဘူးမလား.. ။
အိုခေ..ဒီအတိုင်းပဲ ဆက်သွားကြတာပေါ့ ။
" ကိုဟန်.. "
ဇာတ်အိမ်ထဲကအတိုင်း ဇာတ်လိုက်မင်းသမီးက ကိုယ့်အနားရောက်လာပြီ..။
" ကိုဟန်.. "
ဒုတိယတစ်ခွန်းကျမှ ခေါင်းမော့ကြည့်လိုက်သည်..။
" ပိုးက ကော်ဖီလာပို့တာ.. "
" အင်.. ထားခဲ့လိုက် ပိုး "
ခေါင်းပြန်ငုံ့လိုက်ပြီး စိတ်ရှုပ်နေတဲ့ဟန်ပြလိုက်သည်..။
ကိုယ်တွက်ဆထားသလိုပဲ ပိုးက အနားကနေမထွက်သွားသေးဘူး.. ။
" ကိုဟန်.. "
" ဟင်.. "
ပိုးက မျက်လုံးအဝိုင်းသားလေးနဲ့ပဲ လူကိုကြည့်နေတုန်း.. ။
" ဘာပြောချင်လို့လဲ ပိုး.. "
" ဟို...ပိုး မေးလို့ရလား "
" ဘာမေးချင်လို့လဲ.. "
" ကိုဟန် ခုတလော အလုပ်အဆင်မပြေလို့လား.."
ကိုယ်ရေးတဲ့ ဇာတ်အိမ်အတိုင်း ဖြစ်နေပြီမို့ ဟန်တစ်ချက်မယိမ်းအောင်ထိန်းရင်း..။
" ဘာမှမဖြစ်ပါဘူး.. အဆင်ပြေပါတယ် "
" တကယ်ရော အဆင်ပြေရဲ့လား.. ပိုး ကိုဟန့်ကိုကြည့်နေတာ ဘယ်နှရက်ရှိပြီထင်လဲ.. ကိုဟန် ခုရက်ပိုင်း စကားလည်းသိပ်မပြောဘူး..တက်တက်ကြွကြွလည်းမရှိဘူး.. အရင်က ခုလိုပုံစံပိုးမမြင်ဖူးပါဘူး.. ဘာအဆင်မပြေတာရှိလို့လဲ.. ပိုးကိုပြောလေ.. ပိုးကသူစိမ်းလည်းမဟုတ်ဘူး..ကိုဟန့်ဇနီးပဲဟာ ပွင့်ပွင့်လင်းလင်းပဲပြောလေ.. "
KAMU SEDANG MEMBACA
တောင်းဆု (Unicode)
Romansa" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...