Part (4)

1.8K 83 5
                                    

တောင်းဆု







🌼pann






Part (4)





" မင်း..တွေ့လိုက်တိုင်း ဘာလို့အမြဲတမ်းခံနေရတာလဲ "

ကားမောင်းရင်း ကျွန်တော့်ကိုမေးလာသည်..။

အမေးကတော့ရှိပေမယ့် အဖြေကိုတော့ ကျွန်တော်ပြန်မပေးတတ်..။

အမြဲခံနေရတာချည်းမှ မဟုတ်ဘဲ..။

ခုတောင်အနောက်ကနေ လူကိုအလစ်ဖြတ်လုပ်လို့ ကိုယ်သတိတစ်ချက်အလွတ်မှာ တစ်ချက်ခံလိုက်ရရုံသာ..။

သာမန်လမ်းလျှောက်ရုံဆို ခုလိုခံရဖို့ဆိုတာမဖြစ်နိုင်..ခုက ကားလမ်းကူးနေတာမို့ကားတွေကိုသာအာရုံစိုက်ထားမိလိုက်တာ ။

ဒါတွေကြောင့် ဒီကောင်တွေခုလိုလုပ်သွားနိုင်တာ..မဟုတ်ရင် သူတို့လား ဒီကောင်ကိုထိနိုင်မှာ..။

" ဟင်း..ဒီလိုပုံစံနဲ့တော့ ရင်လေးပါတယ် မင်းအစား.."

သူကတော့ သက်ပြင်းတွေပါချပေးလို့ဗျာ..။

ကျွန်တော်ကတော့ ရင်လည်းမလေးသလို သက်ပြင်းလည်းချစရာမလို..။

အနေသာကြီး..။

" ကျွန်တော် အဆင်ပြေပါတယ်.. "

အထူးတလည်ကြီး စိတ်ပူပေးနေဖို့မလိုပါဘူး..။

ဒီကောင် အဲ့လောက်မပျော့​ညံ့ပါဘူး..။

" အဆင်ပြေတယ်..ဟုတ်လား..အဟွင့်..မင်းဟာက ရှေ့နှစ်ရက်ကျော်လောက်တုန်းကတောင် ခေါင်းကိုအရိုက်ခံရလို့ လေးချက်ချုပ်ပြီးတာ..ခုလည်း မင်းပဲလမ်းမကြီးမှာ အလုခံအရိုက်ခံဖြစ်နေပြန်ပြီ..ငါတော့ မင်းမိဘတွေအစားရင်လေးတယ်..မင်းအတွက်နဲ့ သူတို့တွေဘယ်လောက်စိတ်ပူနေလောက်မလဲ..မိဘချင်းမို့ ငါကိုယ်ချင်းစာ.. "

" ကျွန်တော့်မှာ မိဘတွေမရှိတော့ဘူး.."

အပြင်ဘက်ကို ခေါင်းလှည့်လိုက်ပြီး ပြတ်ပြတ်ဖြေလိုက်သည်..။

စိတ်မပူပါနဲ့ အန်ကယ်လ်..ကျွန်တော့်မိဘတွေ ကျွန်တော့်အတွက် မပူပန်ပေးနိုင်ကြပါဘူး ။

" ဟင်..ဆောရီးပါကွာ "

" ရပါတယ်.. "

" ဒါဆို မင်းမောင်နှမသွေးချင်းရော.. "

တောင်းဆု (Unicode) Donde viven las historias. Descúbrelo ahora