Chapter 1

234K 6.8K 483
                                    

Chapter-1

ပရိတ်သတ်တွေ ထောင်ပေါင်းများစွာရဲ့ အားပေးသံတွေနဲ့ ပြည့်နေတဲ့ Stadium ကြီးနဲ့အတူ ဒီနေ့ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဆုံးသတ်ပွဲစဉ်အတွက် အားလုံးရဲ့ရင်ခုန်မှု လည်းအရှိန်အဟုန်အမြင့်ဆုံးဖြစ်နေတယ်..ကြေငြာပေးနေတဲ့ အနောင်ဇာကလည်း အားရပါးရနဲ့

"ဒီနေ့ပွဲစဉ်ရဲ့ နောက်ဆုံးဖြစ်တဲ့ အားလုံးရဲ့မျှော်လင့်အနေဆုံးပွဲစဉ်လည်းဖြစ်တဲ့ ကျတော်တို့ ရဲ့ ပွဲတိုင်းကျော် Blade နဲ့ တစ်ဖက်ကလည်း အရှုံးဆိုတာဘာမှန်းမသိပါဘူးဆိုတဲ့ Jack တို့ရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုတွေကို မကြာခင်အချိန်အတွင်းမှာ ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်ပရိတ်သတ်ကြီးခင်မျာ"

လို့ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ကွင်းအပြည့် လူအုပ်ကြီးဆီမှ လက်ခုပ်သံတွေ သောင်းသောင်းဖြဖြ ထွက်လာခဲ့တာဆိုရင် တားမရဆီးမရ ဖြစ်သည်အထိ။ အချင်းချင်း တီးတိုးပြောနေကြတဲ့ အသံတွေမှာဆိုရင်လည်း Blade ကဘယ်လိုတော်တာ။ Blade ရဲ့ချုပ်ကွက်တွေက ဘယ်လိုပိုင်တာ။ ဘယ်နှမိနစ်အတွင်း တစ်ဖက်ကပြိုင်ဖက်ကို အလဲထိုးနိုင်တာဆိုတာတွေကလည်း မကြားချင်မှအဆုံးပါ။ တချိန်တည်းမှာပင် သီချင်းသံနှင့်အတူ Stage ပေါ်ကို တက်လာတဲ့ Blade ။ သူ့ကို မြင်လိုက်တာနဲ့ အောက်ကလူအုပ်ကြီးဆီက

"Blade Blade Blade ငါတို့ရဲ့ Blade ငါတို့ရဲ့ Blade
ငါတို့အားလုံးရဲ့ Blade"

ဆိုတဲ့အားပေးသံတွေက တားမရဆီးမရ။ Blade ရဲ့လက်ဝှေ့ပွဲတိုင်းဟာ ဝင်ကြေးလည်းကြီးသလို မျှော်လင့်ထားလို စိတ်ကျေနပ်မှုလည်း ပေးနိုင်တာမို့ ပရိတ်သတ်တွေအတွက်က ကျေနပ်နေရစမြဲ။ နောက်ထပ်တစ်ခု Blade ကိုလူတွေအားပေးရတဲ့ အဓိကအကြောင်းအရင်းက လောင်းကြေးတွေကိုရှုံးအောင် ဘယ်တော့မှမလုပ်ခဲ့ဖူးသေးလို့ပဲ။ Blade ဘက်ကလောင်းတဲ့ ပွဲမှန်သမျှ ရှုံးခဲ့တာမျိုးမရှိတာကြောင့် Blade ရဲ့နောက်ထပ်နာမည်တစ်ခု "အရှုံးမရှိ ဓါးသွား" လို့တောင်အမည်တွင်ခဲ့တဲ့ အထိ။ အခုလည်း Blade ရဲ့ ပရိတ်သတ်ကြီးက Blade ဆိုတဲ့ ၂၂နှစ်အရွယ်ကောင်လေးအပေါ် ဘယ်လောက်တောင်ယုံကြည်မှု အပြည့်ရှိလဲဆိုတာ သူတို့တွေရဲ့မျက်နှာတွေမှာ စာရေးထားသလိုအထင်းသား။

Blade (ဓါးသွား)Where stories live. Discover now