"ဒေါက် ဒေါက် ဒေါက်"
"CEO ကျွန်တော် ဥဒါန်းပါ။ ဝင်လာလို့ ရလားမသိဘူး"
"အေး ဝင်လာခဲ့လေ"
ဒီနေ့ကုမဏီမှာ ရှိနေတုန်း ဥဒါန်း CEO နှင့်တိုင်ပင်စရာ၊အသိပေးစရာလေးတွေ ရှိနေတာကြောင့် စကားပြောဖို့ လာခဲ့လိုက်သည်။ အခုလက်တလော ဥဒါန်း အလုပ်နဲ့လုံးဝ မပြတ်အောင်ကို ဖြစ်နေသည်။ ရည်ရွယ်ထားတဲ့ ကိစ္စတွေ ရှိနေတာကြောင့် ဥဒါန်းမှာ နည်းနည်းမှကို နားဖို့အချိန်မရှိလောက်အောင်ကို အလုပ်ရှုပ်နေတာ။ ကို့နဲ့တောင် ပိတ်ရက်လောက်ကလွဲပြီး ကျန်တဲ့ရက်တွေက ဖုန်းပဲပြောဖြစ်သည်။
"အေး ထိုင်ဦး။ ဘာပြောစရာရှိလို့လဲ"
"ကျွန်တော် ဟိုတစ်ခါငြင်းလိုက်တဲ့ ရိုက်ကူးရေးလေ အဲ့တာ CEO ပြန်ပြောပေးလို့ရသေးလား ကျွန်တော်အချိန်ရတယ်လို့"
"ဟေ...မင်းတကယ် ရလို့လား။ အဲ့ရိုက်ကူးရေးက ညနေပိုင်းတွေ များတယ်။ အနားယူချိန်လုံးဝ ရှိတော့မှာ မဟုတ်ဘူးနော်"
အခုလောလောဆယ်မှာတောင် ဥဒါန်းမှာ နားရက်လုံးဝရှိမနေအောင်ကို အလုပ်တွေလက်ခံထားတယ်။ ကို့မိသားစုရှေ့မှာ မျက်နှာမငယ်ရအောင် ဥဒါန်းတတ်နိုင်သမျှ ကြိုးစားနေမှ ဖြစ်မှာကြောင့်။ ကိုသိရင်တော့ ခွင့်ပြုမှာ မဟုတ်လောက်ဘူး။ အခုတောင် ဥဒါန်းနဲ့ သိပ်မတွေ့ရလို့ ကျေနပ်နေတာမဟုတ်။
"ကျွန်တော်အဆင်ပြေပါတယ် CEO။ နောက်ထပ် project အသစ်တွေလာအပ်ရင်လည်း ပြောပေးပါ"
"အေး ငါက ပြောပေးလို့ရပါတယ်။ မင်း နားရက်မရှိမှာစိုးလို့ပါ"
"ရတယ်ဗျ။ ဒီလောက်တော့ ကြိုးစားရမှာပေါ့။ ကျွန်တော် ပေးရမယ့်ဟာတွေကို ဒီလပိုင်းအတွင်း တတ်နိုင်သမျှ ဆပ်လိုက်ချင်လို့ပါ"
ဥဒါန်းမှာ အခုအချိန်အထိ CEO ကနေတစ်ဆင့် ပေးနေရသေးတဲ့ အကြွေးအချို့ရှိနေသေးသည်။ ဖေဖေ၊မေမေတို့ ရုတ်တရက်ဆုံးသွားပြီးတော့ မလုပ်တတ်၊မကိုင်တတ်နဲ့ ဖရိုဖရဲ ဖြစ်ခဲ့တဲ့အချိန်တွေက တင်ခဲ့တာလို့ ဦးမျိုးရော ကြီးမေရောက ပြောပြတယ်။
ဥဒါန်းရတဲ့ လစဉ်ဝင်ငွေထဲကနေ 30% လောက်ကို လတိုင်းပေးနေရတုန်း။ အပြင်လူတွေသိရင် ဥဒါန်းသိက္ခာလည်းရှိသေးတာကြောင့် CEO ကနေပဲတစ်ဆင့် လွှဲပေးစေခဲ့တာ။ ဒီကိစ္စကို အရင်ကလည်း ဥဒါန်းက သိုသိုဝှက်ဝှက်ပဲ လုပ်ခဲ့တာတဲ့။ အခုလည်း ဥဒါန်းရဲ့သဘောက အဲ့အတိုင်းပဲ။ CEO၊ဦးမျိုးရယ်၊ ကြီးမေရယ် ဥဒါန်းရယ် ဒီလေးယောက်ပဲ သိတာ။
YOU ARE READING
Blade (ဓါးသွား)
Romance"ဥဒါန်း ကို စိတ်ဝင်စားနေတာလား" "မပြောတတ်ဘူး....လောလောဆယ်တော့ ခင်ဗျားကို တစ်စစီဖြစ်သွားအောင် ဖျက်ဆီးပစ်ချင်နေတယ်" Started- 6.11.2022 Ended - 23.3.2023 Total Episodes- 62 episodes